လတ်တလော မြန်မာပြည်တွင်းမှာ
လူ့အခွင့်ရေး အခြေအနေတွေ ဆိုးဆိုးရွားရွား
ယိုယွင်းပျက်စီးနေတာကို ထောက်ရှုပြီး ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ်
ဘန်ကီမွန်း (Ban Ki-Moon) အနေနဲ့ မြန်မာနိုင်ငံကို စီစဉ်ထားတဲ့အတိုင်း
နောက်လ
ထဲမှာ မဖြစ်မနေသွားရောက်ဖို့ ဗြိတိန်အခြေစိုက် ခရစ်ယာန်သွေးစည်းညီညွတ်ရေး
အဖွဲ့ (CSW) က တိုက်တွန်းလိုက်ပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်မှာ
လူ့အခွင့်အရေးကိစ္စကို
အဓိကရှေ့တန်းတင်ဖို့ကိုလည်း CSW အဖွဲ့က တိုက်တွန်း
လိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့
CSW အဖွဲ့ကို ဆက်သွယ်မေးမြန်းထားတဲ့
ဗွီအိုအေဝိုင်းတော်သူ နော်ရှိုးက တင်ပြပေးထားပါတယ်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးစ
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ပြီး
ကတည်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့မြန်မာနိုင်ငံကို
နောက်ထပ်တခေါက်သွားဖို့
အစီအစဉ်ရှိတယ်လို့ ဆိုခဲ့ပေမယ့်နောက်ပိုင်းမှာတော့
မြန်မာနိုင်ငံကို ထပ်သွားလည်း
မထူးမှာမို့ မစ္စတာဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကို
သွားမယ့် ခရီးစဉ်ကို ပယ်ဖျက်တော့မယ်ဆိုတဲ့
အသံတွေကိုလည်း ကြားခဲ့ရပါတယ်။
ဒီလိုအချိန်မှာ မြန်မာပြည်တွင်းမှာ ပြီးခဲ့တဲ့အပတ်ကစလို့
နိုင်ငံရေးလှုပ်ရှားသူ
၈၀ ကျော်ဟာ ၂ နှစ်ကနေ ၆၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စိုးရိမ်
မကင်းဖြစ်ရကြောင်း
ထုတ်ဖော်ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ မြန်မာနိုင်ငံကို နောက်
တခေါက်သွားမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ခုချိန်အထိ
အရိပ်အမြွက်ပေးတာမျိုးတော့
မရှိသေးပါဘူး။
ဒါ့အပြင် ဒီနောက်ပိုင်းမှာလည်း
မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်ပြည်နယ်က အရပ်သား
ရွာတွေအပေါ် ဆက်တိုက်ထိုးစစ်ဆင်မှုတွေ
ဖြစ်ပွားနေတာကြောင့် အနည်းဆုံး
ရွာပေါင်း ၁၂ ရွာ အပါအဝင် စပါးခင်းတွေ ပျက်စီးခဲ့ရပြီး
ကရင်ရွာသား ၂,၀၀၀ နီးပါး
ဟာလည်း မိမိတို့အိုးအိမ်ကနေ စွန့်ခွာထွက်ပြေးခဲ့ရတာတွေကို ထောက်ပြပြီး
မနေ့က
နိုဝင်ဘာလ ၁၇ ရက်နေ့စွဲနဲ့ ဗြိတိန်အခြေစိုက် CSW ခေါ် ခရစ်ယာန်သွေးစည်းညီညွတ်
မှုအဖွဲ့က
အခုလို မြန်မာပြည်တွင်း လူ့အခွင့်အရေးအခြေအနေတွေ သိသိသာသာ
ယိုယွင်းပျက်စီးနေတဲ့အချိန်မှာ
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့
ယခင်စီစဉ်ထားတဲ့အတိုင်း နောက်လထဲမှာ မြန်မာနိုင်ငံကို
သွားရောက်ဖို့ ခရီးစဉ်ကို
မပယ်ဖျက်ဘဲ မဖြစ်မနေသွားရောက်ဖို့ တိုက်တွန်းလိုက်တာပါ။
မစ္စတာဘန်ကီမွန်းအနေနဲ့
သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး
အကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့
မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းဒေသက အရပ်သား
တွေအပေါ်မှာ စစ်အစိုးရက ထိုးစစ်ဆင်မှုတွေကို
ရပ်တန့်ဖို့ အဓိကထားတောင်းဆိုဖို့
တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို
ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ
တဦးပြီးတဦး သွားရောက်ခဲ့ပေမယ့် မြန်မာပြည်တွင်းက လူ့အခွင့်အရေး
အခြေအနေ
တွေက သိပ်မထူးသလို ပြည်သူအများရဲ့ ကုလသမဂ္ဂအပေါ် မျှော်လင့်အားကိုးမှုဟာ
လည်း လျော့နည်းခဲ့ရပါတယ်။
ဒီလိုမျိုးအခြေအနေမှာ
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံ
ကို သွားရောက်လည်ပတ်လို့ရော ထူးခြားမှုတွေ
ရှိနိုင်မလား၊ သူ့အနေနဲ့ရော ဘာများ
လုပ်နိုင်မှာမို့လဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး
CSW အဖွဲ့က မြန်မာနိုင်ငံတာဝန်ခံ
ဘန်ရော်ဂျာစ် (Ben Rogers) က အခုလိုပြောပါတယ်။
"ပထမအချက်ကတော့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်လို အမြင့်ဆုံးရာထူးကြောင့်
မစ္စတာဘန်ကီမွန်းအနေနဲ့ အရင် ကုလသမဂ္ဂ ကိုယ်စားလှယ်တွေထက် ပိုပြီး ထိထိ
ရောက်ရောက် လုပ်ဆောင်နိုင်လိမ့်မယ်လို့
ထင်ပါတယ်။ နောက်တချက်ကတော့
မစ္စတာဘန်ကီမွန်းရဲ့
သိက္ခာနဲ့ ကိုယ်ပိုင်အရည်အချင်းကြောင့်ပါပဲ။ မစ္စတာဘန်ကီမွန်း
ကိုယ်တိုင် သွားမယ်ဆိုရင်တော့
သူ့အနေနဲ့ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့
ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခွင့်ရနိုင်ခြေ
ပိုရှိပါတယ်။
"အထူးသဖြင့် ကုလသမဂ္ဂ
လုံခြုံရေးကောင်စီနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေရဲ့ ပံ့ပိုးမှုကို
ရနိုင်မယ်ဆိုရင်ပေါ့။
မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်အပြင် လုံခြုံရေးကောင်စီကလည်း
အချိန်အကန့်အသတ်မဲ့ တွေ့ဆုံဆွေးနွေးမှုတွေအစား စစ်အစိုးရအနေနဲ့
အချိန်ဇယားနဲ့
တိတိကျကျ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေကို သတ်မှတ်မယ်ဆိုရင်
တော့ မြန်မာ့နိုင်ငံရေး အခြေအနေ ရှေ့တိုးဖို့အခွင့်အလမ်းတွေ
ရှိနိုင်ပါတယ်။"
ဆက်လက်ပြီး မစ္စတာဘန်ရော်ဂျာစ်က
ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးကို
တောင်းဆိုတဲ့အခါ မြို့ပေါ်မှာဖြစ်နေတဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေနဲ့ မြန်မာနိုင်ငံ
အရှေ့ပိုင်း နယ်စပ်ဒေသမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေကို တပြိုင်
နက်တည်း တောင်းဆိုတင်ပြတဲ့ အင်မတန်မှ အရေးကြီးတဲ့အကြောင်း
အခုလိုရှင်းပြ
ပါတယ်။
"အများအားဖြင့် လူတွေက
အကြောင်းအရာ ရှုထောင့်တခုထဲကနေ အာရုံစိုက်
တိုက်တွန်းလေ့ရှိကြပါတယ်။ ခုချိန်မှာ နိုင်ငံတကာ
အသိုက်အဝန်းနဲ့ ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ်တို့အနေနဲ့ မြို့ပေါ်နဲ့ မြန်မာပြည်အရှေ့ပိုင်းက
ကျေးရွာ
တွေ မီးရှို့ဖျက်ဆီးခံရမှု စတာတွေဟာ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူသားချင်း
စာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေး ယိုယွင်းမှုဆိုင်ရာ ပြဿနာတွေရဲ့ အစိတ်အပိုင်း
တွေပဲဆိုတာ
တလုံးတဝတည်း ရှုမြင်သုံးသပ်ဖို့ အရေးကြီးပါတယ်။ နောက်တခါ တချို့
မြန်မာ့အရေးလှုပ်ရှားသူတွေ
တောင်းဆိုသလိုပါပဲ၊ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု
တွေလုပ်ဖို့၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဟာ
အနှစ်သာရ ရှိနိုင်ဖို့အတွက် ပထမဆုံး
အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုအပ်ပါတယ်။"
ဖြစ်ပါတယ်။