မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့
အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို အခုရက်ပိုင်း
နှစ်ရှည်ထောင်ဒဏ်တွေ ချနေတဲ့အပေါ် အထူးစိုးရိမ်တဲ့အကြောင်း
ကုလသမဂ္ဂရဲ့
လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူ ၅ ဦးက ထုတ်ဖော်ပြောဆိုလိုက်ကြပါ
တယ်။
ဒီလို နှောင့်ယှက်ဖမ်းဆီး ထောင်ချနေတာတွေကို ရပ်ဆိုင်းဖို့လည်း တောင်းဆို
လိုက်ကြပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး
တဦးကို ကိုကျော်ကျော်သိန်းက
ဆက်သွယ်မေးမြန်းပြီး အပြည့်အစုံ တင်ပြထားပါ
တယ်။
အာဏာရှင်အစိုးရ အုပ်ချုပ်နေတဲ့
မြန်မာနိုင်ငံက အခြေအနေအရပ်ရပ်အပေါ် အထူး
စိုးရိမ်မိတဲ့အကြောင်း ဗွီအိုအေကို ပြောခဲ့သူကတော့
လွတ်လပ်စွာ သဘောထားအမြင်
ရှိခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို မြှင့်တင်ကာကွယ်ရေးဆိုင်ရာ
ကုလသမဂ္ဂရဲ့ အထူး
စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ဖရန့်ခ် လာ ရူး (Frank La Rue) ဖြစ်ပါတယ်။
"အာဏာရှင်အစိုးရတရပ်က တရားဥပဒေကို
ဒီလို ရက်ရက်စက်စက်လုပ်ရပ်မျိုးမှာ
အသုံးပြုတဲ့အခါတိုင်း စိုးရိမ်ဖွယ်ရာ ဖြစ်တာပါပဲ။
တရားဥပဒေဟာ လူ့အခွင့်အရေးနဲ့
လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေပေါ်မှာ အခြေခံသင့်တယ်လို့
ကျနော်တို့ ယုံကြည်
ပါတယ်။ အတိုက်အခံဘက်ကလူတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ နှစ်ရှည်ထောင်ဒဏ်
တွေ
ချပစ်တာတွေအပေါ် ကျနော်တို့ အရမ်းကို စိုးရိမ်ပါတယ်။ တရားရေးစနစ်ရဲ့
လွတ်လပ်မှုနဲ့ အမြင်တွေအပေါ်
ကျနော်တို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဒါ့ကြောင့်လည်း အထူး စုံစမ်းစစ်ဆေးသူတွေအနေနဲ့
ကျနော်တို့ရဲ့စိုးရိမ်မှုကို အစိုးရ
သိအောင်ဖော်ပြပြီး ထိန်းသိမ်းထားသူတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့
နောက်ထပ်
သတင်းအချက်အလက်တွေ တောင်းခံထားတာပါ။"
မစ္စတာ ဖရန့်ခ် လာ ရူးဟာ ကုလသမဂ္ဂရဲ့
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ
ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ်
အိုဟေးယား ကင်တားနား
(Tomás Ojea Quintana) အပါအ၀င် တခြား လူ့အခွင့်အရေး
အထူးစုံစမ်းစစ်ဆေး
ရေးမှူး ၄ ဦးနဲ့အတူ မြန်မာနိုင်ငံက လက်ရှိ ထောင်ချပစ်နေတာတွေနဲ့ပတ်သက်ပြီး
နိုဝင်ဘာလ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ရာမှာ ပါဝင်ခဲ့သူပါ။
သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ အခြေခံဥပဒေမှာ
ပုံဖော်ထားတဲ့အတိုင်း ပါတီစုံဒီမိုကရေစီ
အရပ်သားအစိုးရတရပ်ဆီ အသွင်ကူးပြောင်းရေးအတွက်
ပြုပြင်ပြောင်းလဲရေးတွေ
စပြီးလုပ်ဆောင်ဖို့၊ ၂၀၁၀ ပြည့်နှစ်မှာကျင်းပမယ့် လွတ်လပ်ပြီး
တရားမျှတတဲ့
အထွေထွေရွေးကောက်ပွဲတွေအတွက် အရေးကြီးတဲ့ ကြိုတင်သတ်မှတ်ချက်တွေ
ပြည့်ဝစေရေး
လုပ်ငန်းတွေကို ချက်ချင်း စပြီးလုပ်ဆောင်ဖို့ အာဏာပိုင်တွေကို အပြင်း
အထန် တိုက်တွန်းထားပါတယ်။
အခြေခံဥပဒေနဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေကိစ္စကို
မြန်မာ့ဒီမိုကရေစီရေး
လှုပ်ရှားသူတွေကရော၊ မြန်မာ့အရေး စိတ်ပါဝင်စားတဲ့ တခြားကမ္ဘာ့နိုင်ငံတွေကရော
လက်မခံနိုင်ဘူးလို့ ပြောထားတာတွေကလည်းရှိတော့ ကုလသမဂ္ဂ အထူးစုံစမ်း
စစ်ဆေးသူတွေ အပါအ၀င်
ကုလသမဂ္ဂရဲ့ သဘောထားက အခြေခံဥပဒေကို လက်ခံ
တယ်၊ ၂၀၁၀ ရွေးကောက်ပွဲနည်းလမ်းအတိုင်းပဲ သွားမယ်ဆိုတဲ့
အဓိပ္ပာယ်
သက်ရောက်သလို ဖြစ်နေပါတယ်။
ဒီအပေါ်မှာ မစ္စတာ ဖရန့်ခ် လာ ရူးက
ကုလသမဂ္ဂဟာ အပြုသဘောဆောင်တဲ့
နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ ကြိုးစားပါတယ်လို့ ဆိုပါတယ်။
"အခြေခံဥပဒေကို လက်ခံဖို့ လက်မခံဖို့ဆိုတာ
ကျနော်တို့ရဲ့ အခန်းကဏ္ဍ မဟုတ်ပါဘူး။
ကျနော်တို့ရဲ့ အခန်းကဏ္ဍက အခြေခံဥပဒေတွေဟာ ယေဘုယျအားဖြင့်
နိုင်ငံတကာ
လူ့အခွင့်အရေး စံနှုန်းစံထားဘောင်ထဲမှာ ရှိရဲ့လား၊ နိုင်ငံတွင်းမှာ နိုင်ငံတကာ
လူ့အခွင့်အရေးတွေကို လေးစားသမှုရှိရဲ့လား ဆိုတာကို ကြည့်ဖို့ဖြစ်ပါတယ်။"
ဒါ့အပြင် သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ
လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တရားရေးစနစ်ကို
ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းထားတဲ့အချက်
ပါပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့
တွေ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းရတဲ့ အဓိကအကြောင်းရင်းက
ဘာပါလဲ
ဆိုတဲ့ မေးခွန်းအပေါ်မှာ မစ္စတာ ဖရန့်ခ် လာ ရူးက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်
အရေးအခြေအနေဆိုင်ရာ
အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ်
အိုဟေးယား ကင်တားနားဟာ မြန်မာနိုင်ငံက အခြေအနေ
အဖြစ်အပျက်တွေကို အနီး
ကပ် စောင့်ကြည့်လေ့လာနေသူဆိုပြီး ပြန်ညွှန်းပါတယ်။ သူ့အနေနဲ့ကတော့
လွတ်လပ်
စွာ ထုတ်ဖော်ပြောဆိုခွင့် ပေးဖို့ကိုပဲ အဓိက ပြောဆိုခဲ့ပါတယ်။
"လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ
အထူးစုံစမ်းစစ်ဆေးသူအနေနဲ့ ကျနော့်ရဲ့
အဓိကစိုးရိမ်ချက်ကတော့ အတိုက်အခံတွေရဲ့အမြင်ကို
ထင်ဟပ်ပြောဆိုကြတယ်ဆိုပြီး
လူတွေကို ဖိနှိပ်နေတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်
မပေးတာပါပဲ။ ဘယ်လို
ဒီမိုကရေစီ လူ့အဖွဲ့အစည်းမျိုးမှာမဆို သူတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကို
ထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့၊ လေးစားသမှုနဲ့ နားထောင်ခွင့်ရသင့်တဲ့ အတိုက်အခံအမျိုး
မျိုးကို
ခွင့်ပြုဖို့ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။"
လွတ်လပ်စွာ သဘောထားအမြင်ရှိခွင့်နဲ့
ထုတ်ဖော်ပြောဆိုခွင့်တွေကို မြှင့်တင်
ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး
မစ္စတာ ဖရန့်ခ်
လာ ရူး ပြောပြသွားတာ ဖြစ်ပါတယ်။
အခုလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက
စိုးရိမ်တဲ့အကြောင်း ဆက်တိုက်ဆိုသလို ပြောဆို
လာတဲ့ကြားကပဲ မြန်မာအာဏာပိုင်တွေကတော့
ဖမ်းဆီးထားတဲ့ထဲက ထောင်မချရ
သေးတဲ့သူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်ပြီးချလိုက်၊ ထောင်ချပြီးတဲ့ထဲက
တချို့ကို ဝေးလံခေါင်သီတဲ့ထောင်တွေဆီ ပြောင်းပို့လိုက် လုပ်နေဆဲပါ။
ရောင်လှုပ်ရှားမှုအပြီး ဖမ်းဆီးခံရသူတွေဖြစ်ပြီး တရားရုံးတင် မစစ်ဆေးဘဲ ချုပ်ထား
တာကိုက နှစ်နဲ့ချီကြာမြင့်နေပါပြီ။ ဒီလူတွေကို အခုအချိန်ကျမှ ဆက်တိုက် မြန်မြန်
ဆန်ဆန် ထောင်ချပစ်နေတာဟာ ဘာ့ကြောင့်လဲ၊ နောက်ကွယ်မှာ ဘာအကြောင်း
တွေ ရှိသလဲဆိုပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေကြား ဆန်းစစ် အဖြေ
ရှာနေကြပါတယ်။