မြန်မာစစ်တပ်အနေနဲ့
အမျိုးသမီးတွေ အထူးသဖြင့် လူနည်းစု တိုင်းရင်းသား အမျိုး
သမီးတွေအပေါ်
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စနစ်တကျ ကျင့်သုံးလုပ်ဆောင်
နေတယ်ဆိုပြီး
အလေးပေးဖော်ပြလိုက်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို လူ့အခွင့်
အရေး လှုပ်ရှားမှုအဖွဲ့က
ထောက်ခံကြိုဆိုလိုက်ပါတယ်။
ကုလသမဂ္ဂက
အခုလိုထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက်
မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က ထောက်ခံတဲ့အကြောင်း
အင်္ဂါနေ့က
ပြောဆိုလိုက်တာပါ။ ဒါ့အပြင် မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီအနေနဲ့
ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့လည်း တိုက်တွန်း
လိုက်ပါတယ်။
ကုလသမဂ္ဂရဲ့
အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုပပျောက်ရေး ကော်မတီ (CEDAW)
က နိုဝင်ဘာ ၇
ရက်နေ့စွဲနဲ့ ပထမအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ
မြန်မာနိုင်ငံက
တိုင်းရင်းသူ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှု
တွေ
ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာနဲ့ ဒီလိုရာဇ၀တ်မှု ကျူးလွန်နေသူတွေကို
တရားဥပဒေအရ
အရေးယူဖို့ ပျက်ကွက်နေတာတွေအပေါ် အထူးစိုးရိမ်မှုရှိတယ်ဆိုတဲ့
အကြောင်း ဖော်ပြထားပါတယ်။
လိင်ပိုင်းဆိုင်ရာ
အဓမ္မကျူးလွန်မှုတွေကို မြန်မာစစ်တပ်အနေနဲ့ လက်နက်သဖွယ်
အသုံးချနေတယ်ဆိုပြီး
စွပ်စွဲခဲ့တဲ့အပေါ်မှာ မြန်မာစစ်အစိုးရက အရင်က ငြင်းဆိုခဲ့ဖူး
ပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မ
ပြုကျင့်မှုတွေကို
စနစ်တကျ အသုံးပြုနေတာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု
တွေအားလုံးကို
အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြောဆိုခဲ့ပြီး အရေးယူ
လုပ်ဆောင်မှုတွေ
ပြုလုပ်ဖို့ အကြံပြုခဲ့ကြပါတယ်။
ဒါပေမယ့်
လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံနှစ်ခုဖြစ်တဲ့၊ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့
တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပိတ်ဆို့ခဲ့တာကြောင့် အရေးယူလုပ်ဆောင်ဖို့
အဖြေထွက်မလာခဲ့ပါဘူး။
ကတော့ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရအပေါ်
စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။