သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီ ကမ်းလွန် ပင်လယ်ဓါးပြ သင်္ဘော အိန္ဒိယ ရေတပ် နှစ်မြုပ်


ဆိုမားလီယားကမ်းရိုးတန်းမှာ ရှိနေတဲ့ ပင်လယ်ဓားပြတွေရဲ့ သင်္ဘောတစင်းကို အိန္ဒိယ
ရေတပ်သင်္ဘောတစင်းက ဖျက်ဆီးနှစ်မြုပ်ပစ်လိုက်တယ်လို့ အိန္ဒိယရေတပ်က
ပြောကြားလိုက်ပါတယ်။ စပိ ဘုတ် ၂စင်း ခြံရံထားတဲ့ ပင်လယ်ဓားပြတွေရဲ့ ပင်မ
သင်္ဘောနဲ့ အိန္ဒိယရေတပ်သင်္ဘော တာဘာတို့အကြား အပြန်အလှန် ပစ်ခတ်မှုတွေ
ဖြစ်ပွားခဲ့တယ်လို့ ဒီနေ့ အိန္ဒိယစစ်အရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် ပင်လယ်ဓားပြ
တွေက စစ်သင်္ဘောကို စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်တပ်က သူတို့သဘောၤကို နှစ်မြုပ်
ပစ်လိုက်တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အီဒင်ပင်လယ်ကွေ့မှာ အင်္ဂါနေ့က သင်္ဘော ၃ စင်းကို ပင်လယ်
ဓားပြတွေက အပိုင်စီးခဲ့တယ်လို့ ရေကြောင်းအရာရှိတွေက ပြောပါတယ်။ ဒါဟာ
သင်္ဘောသား ၁၆ ဦး အပါ ထိုင်းငါးဖမ်းသင်္ဘောတစင်း၊ သင်္ဘောသား ၂၅ ဦးပါ အီရန်
ကုန်တင်သင်္ဘောနဲ့ သင်္ဘောသား ၂၃ ဦး အနည်းဆုံးပါတဲ့ ဂရိသင်္ဘောတို့ ဖြစ်တယ်လို့
ဆိုပါတယ်။ တချိန်တည်းမှာပဲ သင်္ဘောသား ၂၅ ဦးပါ ဆော်ဒီရေနံတင်သင်္ဘောကို
ပင်လယ်ဓားပြတွေ ခြေကုပ်ယူထားတဲ့ ဆိုမာလီဆိပ်ကမ်း ဟာရာရာဆီကို ပင်လယ်
ဓားပြတွေက မောင်းနှင်ပြီး ခေါ်ဆောင်သွားတာ တွေ့ရတယ်လို့ အမေရိကန် အရာရှိ
တွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG