သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်အမျိုးသားတော်လှန်ရေး နဲ့ ခေါင်းဆောင်သစ်


ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (Karen National Union) ၏ ၁၄ ကြိမ်မြောက် ညီလာခံကို ၂၀၀၈ အောက်တိုဘာလ (၆) ရက်မှ (၁၈) ရက်အထိ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ကျင်းပ ပြုလုပ်ခဲ့ပြီး ဗဟို အလုပ်အမှုဆောင် ကော်မီတီ အတွင်းရှိ ခေါင်းဆောင်ပိုင်းကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

ညီလာခံမှ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီး စောတာမလာဘော နဲ့ အထွေထွေ အတွင်းရင်းမှူးအဖြစ် နော်စီပိုးရာစိန်ကို ရွေးချယ်တင်မြောက်ခြင်း ခဲ့ပါတယ်။ နော်စီပိုးရာစိန် မှာ ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သမီး ဖြစ်ပါတယ်။ ပထမအကြိမ် အမျိုးသမီးတဦးကို အရေးပါ တာဝန်ကြီးတဲ့ ရာထူးနေရာကို တာဝန်ပေး ခန့်အပ်ခဲ့ခြင်းမှာလည်း ကရင်တော်လှန်ရေး၏ ထူးခြားတဲ့ ပြောင်းလဲမှုဖြစ်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံးကို ခေါင်းဆောင်သစ်များနဲ့ ပြန်လည်ဖွဲ့စည်းပြီး ဘယ်လိုမူဝါဒ ရပ်တည်ချက် လုပ်ငန်းစဉ်များနဲ့ ဆက်လျှက်ရပ်တည် လှုပ်ရှားတိုက်ပွဲဝင်သွားမလဲ စတဲ့ ကရင်အမျိုးသား တော်လှန်ရေး အနာဂတ်ပြင်ဆင်မှုများကို သိရှိနိုင်ဖို့ ဦးကျော်ဇံသာ က အထွေထွေအတွင်းရေးမှုး နော်စီပိုးရာစိန် ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG