ကမ္ဘာ့စီးပွားရေး
ကျဆင်းမှုနဲ့ ကုန်ပစ္စည်းဝယ်ယူသုံးစွဲမှုအား ကျဆင်းမှုတို့ကြောင့် ကမ္ဘာ
နဲ့အ၀ှမ်း
ကုမ္ပဏီအများစုဟာ ထုတ်လုပ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ အလုပ်သမား
အင်အားတွေကို
လျှော့ချနေပါတယ်။ အခုလို စီးပွားရေးကျဆင်းမှုကြောင့် မော်တော်
ကားကုမ္ပဏီတွေကတော့
အထိအနာဆုံး ဖြစ်ပါတယ်။
ပြင်သစ်ကားကုမ္ပဏီ
ပျူဂျို စီထရောင်း (Peugeot Citroen) က ဒီနေ့မှာ အလုပ်သမား
အင်အား ၃,၅၀၀ ကို
လျှော့ချလိုက်ပါတယ်။ ဂျာမဏီရဲ့ ဒိုင်မလာ (Daimler)၊ ဂျပန်နိုင်ငံ
က မာဇဒါ (Mazda) နဲ့
အီစူဇူး (Isuzu)၊ ထိုင်းနိုင်ငံက ဂျင်နရယ်မော်တော် (General
Motors) တွေကလည်း
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ အလုပ်သမားအင်အားတွေကို လျှော့ချ
ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ
အရှေ့ဘက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလက ၁၈ နှစ်အတွင်း
ထုတ်လုပ်မှု အနိမ့်ဆုံးကို
ရောက်ခဲ့ပါတယ်။ အမေရိကန်ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်
ကြေညာချက်အရ
ပစ္စည်းဝယ်ယူတဲ့အမှာတွေ၊ ပစ္စည်းတင်ပို့မှုတွေနဲ့ အလုပ်သစ်ခန့်အပ်
မှုတွေဟာလည်း
အလုပ်သမားဈေးကွက် အင်အားလျှော့ချသလိုပဲ အတော်လေးကို
လျော့နည်းပြီး စိုးရိမ်စရာ
ကောင်းနေပါတယ်။ ဒီသတင်းထုတ်ပြန်ချက်ကို ကြည့်ခြင်း
အားဖြင့် အမေရိကန်နိုင်ငံရဲ့
စက်မှုလုပ်ငန်းကဏ္ဍ အခြေအနေကို ခန့်မှန်းသိရှိနိုင်ပါ
တယ်။
ဦးရေဟာ နောင်နှစ်အထိ ဆက်ပြီး များနေမှာဖြစ်တယ်လို့လည်း အချို့စီးပွားရေးပညာ
ရှင်တွေက သုံးသပ်နေပါတယ်။