သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မြို့က မြန်မာကျောင်း


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ ရချ်သေဝီ ရပ်ကွက်မှာရှိတဲ့ မူလတန်း ကျောင်းလေး တခုဟာ တနင်္ဂနွေနေ့လည်း ကျောင်းဖွင့်ပါတယ်။ အဲ့ဒီနေ့မှာ ကျောင်းတက်ကြသူတွေက တော့ ထိုင်း ကလေးငယ်တွေ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အတွင်းက အခက်အခဲအမျိုးမျိုး ကြောင့် ပြည်ပကို ထွက်ပြီး အလုပ်လုပ်ရင်း ပညာရှာနေကြတဲ့ မြန်မာပြည်သား လူငယ်လေးတွေပါ။ ကျောင်းသူကျောင်းသား စုစုပေါင်း ၅၀၀ကျော် ရှိပါတယ်။ ဒီကျောင်းမှာ ထိုင်းစာ။ အင်္ဂလိပ်စာ၊ ကွန်ပြူတာနဲ့ ပန်းချီ ပညာတွေ သင်ပေးပါတယ်။ ၂၀၀၃ခုနှစ်က စခဲ့တဲ့ စေတနာ့ဝင်ထမ်း ကျောင်းပါ။ ကျောင်းသား အားလုံးနီးပါးဟာ တပါတ်ကို ၆ရက် တချို့က ၇ရက်လုံး အလုပ်လုပ်ကြရပါတယ်။ မိန်းခလေးအများစုဟာ အိမ်ဖေါ် လုပ်ငန်းနဲ့ အထည်ချုပ် စက်ရုံလုပ်ငန်း။ ယောက်ကျားလေးအများစုကတော့ စားသောက်ဆိုင်နဲ့ စက်ရုံလုပ်ငန်းတွေမှာ လုပ်ကြပါတယ်။ သူတို့တွေ ဘာကြောင့် ဒီကျောင်းကို လာတက်ကြတာလဲ။ ထိုင်းမှာ ဘယ်လို ရုန်းကန် နေရသလဲဆိုတာ တွေကို ကြည့်ကြရအောင်ပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG