သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား အစိုးရသစ် အတွက် ဝန် ကြီးများ ရွေးချယ်


သမ္မတသစ်အဖြစ် ရွေးကောက်တင်မြောက်ခံရသူ ဘားရက် အိုဘားမား ဟာ သူ့ရဲ့ အစိုးရ အဖွဲ့မှာ ပါဝင် ဦးဆောင်ဖို့ ဝန်ကြီး သစ် အသီးသီးကို ခန့်အပ်တဲ့ လုပ်ငန်းစဉ် အဆုံသတ်ဖို့ နီးလာပါပြီ။ ပထမဦးဆုံး အနေနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် နယူးယောက် က ပြည်ထောင်စုဗဟိုဘဏ် ရဲ့ ဥက္ကဌ ဖြစ်သူ မစ္စတာ တိမသီ ဂိုင်နာ ကို ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

တချိန်တည်းမှာပဲ နယူးယောက် တိုင်းမ်စ် သတင်းစာကြီးက မစ္စတာ အိုဘားမား ရဲ့ ပြိုင်ဘက်ဟောင်း ဖြစ်သူ နယူးယောက် ပြည်နယ် အထက်လွှတ်တော်အမတ် ဟယ်လာရီ ကလင်တန် ဟာလည်း အထက်လွှတ်တော် ရာထူးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီး နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အမှုထမ်းဖို့ အဆင်သင့် ဖြစ်ပြီဆိုတဲ့အကြောင်း ဖော်ထုတ်ရေးသားပါတယ်။ ဒါပေမယ့် ဟယ်လာရီ ကလင်တန် ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒါကို အတည်ပြု ပြောဆိုခြင်း မရှိသေးပါဘူး။

နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဘေးလ် ရစ်ချက်ဆင်န် ကတော့ ကုန်သွယ်ရေးဝန်ကြီး ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်လာနေပါတယ်။ အယ်ရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဂျဲနက် နပိုလီဒါနို ကိုတော့ ပြည်တွင်းလုံခြုံရေးဌာန ရဲ့ ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ယာ ထားကြောင်း ပြောနေကြပါတယ်။ ကာကွယ်ရေး ဝန်ကြီးကိုတော့ သမ္မတ ဘုရှ် ခန့်အပ်ထားခဲ့တဲ့ လက်ရှိ ကာကွယ်ရေး ဝန်ကြီးဖြစ်သူ ရောဘတ် ဂိတ် ကိုပဲ ဆက်လက်ထားရှိမယ်လို့ ခန့်မှန်းသံတွေ ကြားနေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG