လက်ရှိကျင့်သုံးနေတဲ့ ကုလသမဂ ပင်လယ်ပြင်ဥပဒေကို အိန္ဒိယ-မြန်မာ နဲ့ ဘင်္ဂလားဒတ်ရှ် သုံးနိုင်ငံ သဘောတူ လက်မှတ်ရေးထိုး အတည်ပြုထားပါတယ်။ ဒါပေမဲ့ ရေပိုင်နက် သတ်မှတ်ရာမှာ နယ်နိမိတ်ချင်း ထပ်နေတဲ့အတွက် မကြာခဏ ပဋိပက္ခဖြစ်ပွားကြပါတယ်။ ဘင်္ဂလားပင်လယ်ကွေ့ ရေပိုင်နယ်နိမိတ် သတ်မှတ်ရေးမှာ မြန်မာ နဲ့ ဘင်္ဂလားဒတ်ရှ် နိုင်ငံတို့ အခုအချိန်အထိ သဘောတူချက် မရသေးပါ။
ရေနယ်နိမိတ် ပြန်လည်ရေးဆွဲ သတ်မှတ်ဖို့အတွက် မြန်မာ နဲ့ ဘင်္ဂလားဒတ်ရှ် နိုင်ငံ တာဝန်ရှိသူများ ဒါကာမြို့မှာ လွန်ခဲ့တဲ့ နိုဝင်္ဘာလ ၁၆ နဲ့ ၁ရ (တနင်္ဂနွေ၊ တနင်္လာ) နေ့များမှာ တွေ့ဆုံဆွေးနွေးကြပါတယ်။ ဒီပဋိပက္ခ နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးနေတာ အချိန်အတော်ကြာခဲ့ပေမယ့် သဘောတူညီချက်တွေ မရသေးပါဘူး။ အိန္ဒိယနဲ့ ဘင်္ဂလားဒတ်ရှ် တွေ့ဆုံဆွေးနွေးနေမှုကလည်း တိုးတက်မှုမရှိ ဖြစ်နေတုန်းပါ။ ဒီသုံးနိုင်ငံ ရေပိုင်နယ်နိမိတ် သဘောတူညီချက် ရယူရေးနဲ့ ပတ်သက်တဲ့ ပြဿနာ အခက်အခဲတွေကို ဦးအောင်ခင် က သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။