သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၁ ခုနှစ်မှာ အလုပ်အကိုင်ပေါင်း ၂.၅ သန်းရအောင် အိုဘားမားလုပ်မည်


အမေရိကန်ပြည်ထောင်စုက ထိုကျနေတဲ့ စီးပွားရေးကို ပြန်အသက်သွင်းဖို့အတွက် အစီအစဉ်တခု ရေးဆွဲနေတယ်လို့ အမေရိကန်သမ္မတ တာဝန်ယူရတော့မယ့် ဘားရက် အိုဘားမား က ပြောကြားသွားပါတယ်။ ဒီအစီအစဉ်မှာ လမ်းတံတား ပြန်လည် တည်ဆောက်ဖို့၊ ကျောင်းတွေ ခေတ်မီအောင် ပြုပြင်ရေး၊ လောင်စာဆီ သုံးစွဲတာ မဟုတ်ဘဲ တခြားနည်းလမ်း တွေနဲ့ စွမ်းအင်ထုတ်လုပ်နိုင်ဖို့တွေလည်း ပါဝင်ပါတယ်လို့ ဒီမိုကရက်တစ်ပါတီရဲ့ စနေနေ့ ရေဒီယို မိန့်ခွန်းမှာ မစ္စတာ အိုဘားမား က ပြောကြားသွားပါတယ်။

လာမယ့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ရောက်ရင်တော့ အလုပ်ပေါင်း ၂.၅ သန်းကို ဖန်တီးပေးပြီးသား၊ ဒါမှမဟုတ် အလုပ် မပြုတ်အောင် လုပ်ဆောင်ပေးပြီးသား ဖြစ်စေဖို့ မျှော်လင့်တယ်လို့လည်း သူက ဆိုပါတယ်။ သူ ဇန်နဝါရီလ ၂၀ မှာ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့ အစီအစဉ် ကို လွှတ်တော်က သဘောတူ ခွင့်ပြုစေချင်တယ်လို့လည်း ပြောပါတယ်။

မစ္စတာ အိုဘားမား ဟာ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းရပ်တွေအတွက် ဘယ်သူတွေကို ခန့်အပ်မလဲ ဆိုတာ တနင်္လာနေ့မှာ ကြေညာမယ်လို့ အမေရိကန်သတင်းတွေမှာ ပြောနေကြပါတယ်။ နယူးယောက် က ဗဟိုဘဏ် ဥက္ကဌ ဖြစ်တဲ့ မစ္စတာ တင်မသီ ဂစ်ဒ်နာ ကို ဘဏ္ဍာရေးဝန်ကြီး ခန့်လိမ့်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ သူက နိုင်ငံမှာ ငွေကြေး ဖောင်းပွမှု ထိန်းချုပ်ဖို့၊ အလုပ်လက်မဲ့နှုန်း ကျဆင်းဖို့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်သူတွေထဲမှာ ထိပ်ဆုံးက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG