သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်စွာကုန်သွယ်ရေးကိစ္စ အာရှ ပစိဖိတ်အစည်းအဝေး မှာ သမ္မတဘုရှ် တွန်းအားပေး


ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းကို ပြေလျော့အောင် လုပ်ဆောင်ဖို့ အတွက် ဈေးကွက်တွေဖွင့်ဖို့ ကုန်သွယ်ရေး အတားအဆီးတွေ ဖြိုဖျက်ပစ်ဖို့ကို နိုင်ငံတွေ ပူးပေါင်းလုပ်ဆောင်ရမယ်လို့ အမေရိကန် သမ္မတ ဂျော့ချ် ဘုရှ် က ပြောကြားသွားပါတယ်။

ပီရူးနိုင်ငံ လီမာမြို့တော်မှာ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ အေးပတ် (APEC) ထိပ်သီးအစည်းအဝေး မကျင်းပခင်တင်မှာပဲ မစ္စတာ ဘုရှ် က ပစိဖိတ်ဒေသ စီးပွားရေးခေါင်းဆောင်တွေကို သမ္မတ ဘုရှ် မိန့်ခွန်းပြောသွားတာ ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အချက်ကြီး သုံးချက်ကတော့ ပွင့်လင်းတဲ့ ဈေးကွက်၊ လွတ်လပ်သော ကုန်သွယ်မှုနဲ့ လွတ်လပ်မှု ရှိတဲ့သူတွေပဲ ဖြစ်တယ်လို့ သမ္မတ ဘုရှ် က ပြောပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းနဲ့ ဆွေးနွေးပွဲတွေ ဖြစ်တဲ့ ဒိုဟာ ဆွေးနွေးပွဲရဲ့ ကမ္ဘာ့လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အရေးကြီးကြောင်း သမ္မတ က အလေးပေး ပြောသွားခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ သမ္မတ ဘုရှ် ဇန်နဝါရီမှာ သမ္မတ ရာထူးက မနုတ်ထွက်ခင် သွားရောက်ဖို့ စီစဉ်ထားတဲ့ နောက်ဆုံး ခရီးစဉ် ဖြစ်ပါတယ်။ ၂၁ နိုင်ငံ တက်ရောက်တဲ့ အေးပတ် ထိပ်သီးစည်းဝေးပွဲမှာ တောင်ကိုရီးယားသမ္မတ အီ မျောင်ဘက် တက်ရောက်ပြီးတော့ သမ္မတ ဘုရှ် လိုပဲ လွတ်လပ်စွာ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG