သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ကြီးရွယ်အိုတို့ ကျန်းမာရေးနှင့် မိသားစုဘဝ


ငယ်ပေါင်းလို့ ခေါ်တဲ့ သက်တမ်းရှည်ရှည်နေလာတဲ့ လင်မယားစုံတွဲတွေမှာ အသက်ကြီးလာလို့ တဦး ကွယ်လွန်ရင် နောက်တဦးလည်း မကြာမှီ ဆက်ပြီး ကွယ်လွန်တတ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ စုံတွဲတွေမှာ တဦးကျန်းမာရေးနဲ့ အခြားတဦး ဆက်စပ်မှုရှိတယ်လို့ ယူဆကြပါတယ်။ လက်ထပ်ထားတဲ့ အကြင် လင်မယားစုံတွဲသက်တမ်း ကြာကြာ အတူနေထိုင်နိုင်လေလေ နှစ်ဦးစလုံး ကျန်းမာရေးဟာ ကောင်းကောင်းမွန်မွန်နဲ့ အသက်ရှည်ရှည် နေနိုင်လေလေပဲ ဆိုတာကို လူထုကျန်းမာရေးသုတေသီဟာ နှစ်အတော်ကြာကတည်းက သတိထားမိကြတာပါ။

အကြင်လင်မယားဘဝကြောင့် ရတဲ့ အကျိုးအခွင့်အလမ်းမျိုးဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုလို့ ဖြစ်လေ့ရှိတာကြောင့် အသက်ကြီးလို့ အိမ်ထောင်ဖက် တခုခုဖြစ်ရင် ထိခိုက်လွယ်တာ အမျိုးသားတွေဖြစ်တယ်လို့ ခန့်မှန်းတွက်ဆထားကြပါတယ်။ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားတဲ့ အမျိုးသမီးတွေဟာ သူတို့ဘ၀ ဆက် အသက်ရှည် ရပ်တည်နိုင်စွမ်းရှိပေမယ့်လည်း ဇနီးဖြစ်သူ ဆုံးရှုံးသွားတဲ့ အမျိုးသားတွေဟာ အလျင်အမြန်ဆိုသလို ကျန်းမာရေးကျဆင်း ချို့ယွင်းလာလေ့ရှိတယ်လို့ ဘင်္ဂလားဒေ့ရ်ှ အင်ဒီပန်ဒန့်တက္ကသိုလ်မှာ ဒေါက်တာ အိုမာ ရာမန်က ပြောပါတယ်။ အပြည့်အစုံကို ဒီအပတ်ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG