ကိုလက်စထော (cholesterol) ကျဆင်းစေတဲ့ Statin ဆေးအုပ်စု အနွယ် Crestor ဆေးထုတ်လုပ်သူတွေရဲ့ စမ်းသပ်လေ့လာချက်သစ်အရ Statin ဆေးတွေဟာ နှလုံးရုတ်တရက် ရပ်တန့်တာမျိုး၊ လေဖြတ်တာမျိုး ပြင်းထန်တဲ့နှလုံးရောဂါမျိုးတွေဖြစ်နိုင်ချေ နည်းပါးလာစေတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။ ဒီဆေးတွေစားခြင်းအားဖြင့် သွေးပြန်ကြောတွေ ရောင်ရမ်း ထိခိုက်တာမျိုး နည်းသွားစေတယ်လို့လည်း ဆိုပါတယ်။
Statin ဆေးတွေဟာ ကမ္ဘာပေါ်မှာ အရောင်းရဆုံး ဆေးတမျိုးဖြစ်ခဲ့ပြီး တနှစ်ကို အနည်းဆုံး ဒေါ်လာ ၂၂ ဘီလီယံ အရေားရှိနေပါတယ်။ Statin ဆေးတွေနဲ့ ပတ်သက်လို့ သုတေသနပြုချက်သစ်တခု အကြောင်း ကိုသားညွန့်ဦးက အခု အပတ်ကျန်းမာရေးအစီအစဉ်မှာ တင်ပြထားပါတယ်။