သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်ရဲ့ စီးပွားရေး ခေါင်းဆောင်ပိုင်းအဖွဲ့ အိုဘားမား ဒီနေ့ ထုတ်ပြန်ဖို့ရှိ


အမေရိကန်မှာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဘရက်ခ် အိုဘားမား
(Barack Obama) က ကမ္ဘာ့စီးပွားရေး ပျက်ယွင်းနေတဲ့အချိန် သူရွေးချယ်ထားတဲ့
စီးပွားရေးအဖွဲ့ဝင်များစာရင်းကို ကြေညာဖို့ ပြင်ဆင်နေပါပြီ။

ချီကာဂိုမြို့မှာ တနင်္လာနေ့နှောင်းပိုင်း သတင်းစာ
ရှင်းလင်းပွဲ ပြုလုပ်တဲ့အခါ လက်ရှိ နယူးယောက်ခ်
ဗဟိုဘဏ် ဥက္ကဋ္ဌ တင်မိုသီ ဂစ်သ်နာ (Timothy
Geithner) အား ဘဏ္ဍာရေးဝန်ကြီးအဖြစ်
လျာထားကြောင်း ထည့်သွင်းကြေညာလိမ့်မယ်လို့
ခန့်မှန်းပြောဆိုနေကြပါတယ်။ ဘဏ္ဍာရေးဝန်ကြီး
လောင်းရဲ့ နာမည်ကြောင့် သောကြာနေ့မှာ
ကတည်းက စတော့ခ်ဈေးနှုန်းများ တက်ခဲ့ပါ
တယ်။

သမ္မတ ကလင်တန် (Clinton) လက်ထက်က
ဘဏ္ဍာရေးဝန်ကြီးလုပ်ခဲ့တဲ့ လောရင့်စ် ဆမ်းမားစ်
(Lawrence Summers) ကို အမျိုးသားစီးပွားရေး
ကောင်စီ ညွှန်ကြားရေးမှူးအဖြစ် ခန့်ထားဖွယ်ရှိပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာ မစ္စတာအိုဘားမား အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာ
ကျိန်ဆိုပြီးပြီးချင်း စီးပွားရေး ပြန်လည်နာလန်ထူရေး ကိစ္စရပ်များကို အလျှင်အမြန်ဆုံး
အစိုးရအဖွဲ့သစ်က ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မစ္စတာအိုဘားမားရဲ့
အကြီးတန်း လက်ထောက်တဦးဖြစ်သူ ဒေးဗစ် အိက်စ်ဇယ်ရော့ဒ် (David Axelrod) က
တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG