သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှုများကြောင့် ထိုင်းလွှတ်တော် ပူးတွဲအစည်းအဝေး ရွှေ့ဆိုင်း


ထိုင်းနိုင်ငံ ပါလီမန်အဆောက်အဦရဲ့ အပြင်
ဘက်မှာ ဒီနေ့ ဆန္ဒပြကြတဲ့ ဧရာမလူအုပ်ကြီး
က ဝိုင်းရံပိတ်ဆို့ထားလို့ အရေးကြီးဥပဒေ
များ အတည်ပြုရေး ပူးတွဲစည်းဝေးပွဲကို
လွှတ်တော်ကိုယ်စားလှယ်များက မကျင်းပနိုင်
ဘဲ ရွှေ့ဆိုင်းလိုက်ရပြီးနောက် အတိုက်အခံတို့
က အစိုးရနဲ့ ဆွေးနွေးလိုကြောင်း ကမ်းလှမ်း
လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံ
လိုက်ရတဲ့ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ မိသားစုဝင်များ၊ သူ့ကို
ထောက်ခံသူများအပေါ် တရားစွဲဆို စုံစမ်းစစ်ဆေးနေတာတွေ ရပ်သွားအောင်
နိုင်ငံတော်ဖွဲ့စည်းပုံကို ပါလီမန်က ပြင်ဆင်ချက် တင်သွင်း အတည်ပြုလိုက်မလားလို့
အတိုက်အခံ ဒီမိုကရက်ပါတီက စိုးရိမ်နေပါတယ်။

ဒီလိုအခြေအနေမျိုး၊ ဒီလိုအချိန်မျိုးမှာ ဖွဲ့စည်းပုံပြင်ဆင်ချက် မလုပ်ပါဘူးဆိုတဲ့
အာမခံချက် အစိုးရထံက ရယူလိုကြောင်း ဒီမိုကရက်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဘူရာနက်
ဆမူသာရတ်ခ် (Buranaj Samutharak) က ပြောဆိုပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ ထောင်သောင်းများစွာတို့ ဒီနေ့ ဘန်ကောက်မြို့
ရှိ ပါလီမန်လွှတ်တော်ကို ဝိုင်းရံပိတ်ဆို့ထားတာကြောင့်လည်း လွှတ်တော်ဥက္ကဋ္ဌက
စည်းဝေးပွဲ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာလိုက်ရတာပါ။

ဘန်ကောက်မြို့ရှိ တခြားနေရာများမှာလည်း ဒီမိုကရေစီရရှိရေး ပြည်သူ့မဟာမိတ်အဖွဲ့
ထောက်ခံသူများက နေပြည်တော် ရဲဌာနချုပ်နဲ့ အဓိက ဝန်ကြီးဌာနများ အဝင်အထွက်
လုပ်လို့မရအောင် လမ်းများကို ပိတ်ဆို့ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG