မကြာသေးခင်က ထောင်ဒဏ်တွေ
အပြစ်ပေးခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို
မိသားစုနဲ့ဝေးရာ နယ်ထောင်တွေကို ပြောင်းရွှေ့ခဲ့တယ်
ဆိုပေမယ့်လည်း ဒီအထဲက
တချို့ဟာဆိုရင် ပြောင်းလိုက်တဲ့ထောင်တွေမှာ မရှိဘဲ ဘယ်ရောက်လို့
ရောက်နေမှန်း
မသိ ဖြစ်နေကြပါတယ်။ သက်ဆိုင်ရာထောင်တွေကို ဆက်သွယ်တဲ့အခါမှာလည်း
ရေရေရာရာ
ပြောတာမရှိလို့ ထောင်ပြောင်းရွှေ့ခံရသူတွေရဲ့ မိသားစုတွေက တပူပေါ်
နှစ်ပူဆင့် သောကရောက်နေကြရပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ
ပေးထားပါတယ်။
ဒီရက်ပိုင်းအတွင်း
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဆက်တိုက်ဆိုသလို ထောင်ဒဏ်
ပြစ်ဒဏ်တွေ ချမှတ်ပြီး ဝေးလံခေါင်ဖျားတဲ့
နယ်မြို့တွေက အကျဉ်းထောင်တွေကို
အာဏာပိုင်တွေက ပို့ဆောင်နေပေမယ့် ဒီလိုရွှေ့ပြောင်းတာတွေကို
မိသားစုတွေ သိခွင့်
လည်းမရ၊ နောက်ပိုင်းသိလို့ စုံစမ်းတဲ့အခါမှာလည်း တချို့က အဲဒီလို
ပြောင်းလိုက်တယ်
ဆိုတဲ့ ထောင်တွေကို ရောက်မလာတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံနေကြရတာပါ။
မကြာသေးခင်ကဘဲ နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးခံလိုက်ရတဲ့ ၈၈ မျိုးဆက်
ကျောင်းသားတွေ အပါအဝင်
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေအနေ
နဲ့ စိုးရိမ်မကင်းဖြစ်မှုတွေလည်း
ကြီးထွားလာနေတာပါ။
အခုနောက်ဆုံးဆိုရင်လည်း
ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရတဲ့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကိုကြီး၊
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ
မစုစုနွေး စတဲ့သူတွေကိုလည်း မိသားစုက စုံစမ်းလို့မရဘဲ
ဖြစ်နေတာတွေ ရှိနေပါ
တယ်။ မကြာသေးခင်ကမှ ထောင်ဒဏ် ၆၅ နှစ် အပြစ်ပေးခံခဲ့ရပြီး တနင်္သာရီတိုင်း
ကော့သောင်းအကျဉ်းထောင်ကို ရွှေ့ပြောင်းခံခဲ့ရတဲ့ ၈၈ မျိုးဆက်ကျောင်းသား
ကိုပြုံးချိုရဲ့
ဖခင်ဖြစ်သူ ဦးဝင်းမောင် ပြောပြတာကတော့ …
"မရောက်သေးတာ တော်တော်များများရှိနေတယ်။
တချို့ကျတော့လည်း မန္တလေးက
တဆင့်၊ Air Transit ရှိတဲ့နေရာတွေကျတော့လည်း မန္တလေးမှာစောင့်နေတယ်လို့
ပြောတယ်။ တချို့ကျတော့လည်း သတင်းကြားပြီးတော့ စုံစမ်းလို့မရတာတွေ ရှိတယ်။
ဥပမာ ကိုကိုကြီးဆိုရင်
မိုင်းဆတ်လို့ပြောတယ်။ မိုင်းဆတ်ဆိုတာကြားပြီး သူ့ညီက
ဆက်သွယ်လို့မရသေးဘူးလို့ ပြောနေတယ်။
စုစုနွေးကတော့ မန္တလေးကို ခေါ်သွား
တယ်ပြောတယ်။ မန္တလေးကမှတဆင့် ပို့လိမ့်မယ်။ ကလေးကတော့
မန္တလေးကမှ ပို့လို့
ရတယ်။
"မိသားစုတွေဘက်ကတော့
တော်တော် စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့။ ဘာဖြစ်
လို့လဲဆိုတော့ သူတို့မှန်းတဲ့အတိုင်း
ရောက်မရောက် မသိရတဲ့အခါကျတော့ သွားဖို့လာ
ဖို့ ချင့်ချိန်လို့မရတော့ဘူး။ ပြီးတော့ ဘယ်မှလည်း
စုံစမ်းလို့မရ တချို့လည်း ဖြစ်နေကြ
တယ်။ တော်တော်လေးကို ခရီးထောင့်တာတွေ ဖြစ်နေတယ်။"
ဒီလို မိသားစုဝင်တွေအနေနဲ့
ကိုယ့်ရဲ့သားချင်းတွေ ဘယ်ရောက်နေတယ်ဆိုတာသိရဖို့
သက်ဆိုင်ရာအကျဉ်းထောင်တွေကို ဆက်သွယ်စုံစမ်းတဲ့အခါမှာလည်း
အာဏာပိုင်တွေ
ဘက်က တိတိကျကျ အဖြေမရတဲ့ အဖြစ်တွေနဲ့ ကြုံနေရတယ်လို့လည်း မိသားစုဝင်
တွေက
ပြောပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကပဲ ထောင်ဒဏ် ၆၅ နှစ် အပြစ်
ပေးခံခဲ့ရတဲ့ ကိုသန်းတင်ခေါ်
ကြီးသန်းကိုလည်း စစ်တွေထောင်ကို ပြောင်းရွှေ့ခဲ့တယ်
လို့ သတင်းကြားသိလို့ မိသားစုက စုံစမ်းပေမယ့်
ရေရေရာရာ မသိရတဲ့အကြောင်း
ညီမဖြစ်သူက ပြောပါတယ်။
"ကျမအစ်ကိုက စစ်တွေထောင်ကိုရောက်တယ်၊
ကြီးသန်းကို။ အဲဒါ ပို့လိုက်တယ်ဆို
တော့ ရောက်ပြီလားဆိုပြီး ဖုန်းဆက်ပြီးမေးလိုက်တာ
သူတို့က မသိဘူးတဲ့။ အဲလိုပြော
နေတယ်။ ကျနော်တို့ ဖြေခွင့်မရှိပါဘူး၊ အဲလိုချည်းပဲ ပြောနေတယ်။
တခြားမိသားစုတွေ
လည်း အဲလိုပဲ၊ ဖုန်းကို ချချပစ်လိုက်တယ်။ ကျမအစ်ကိုဆီသွားဖို့က အဆက်အသွယ်
လုပ်ပြီးမှ
အခု သူတို့က မရှိဘူး၊ မသိဘူးပြောတော့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ
မသိဘူးဖြစ်နေတယ်။ တော်တော်ဒုက္ခရောက်နေတယ်၊
ကျမတို့ အခု။"
တကယ်တော့ ဒီလို မိသားစုတွေ
အလှမ်းဝေးရာ နယ်ထောင်တွေကို ပို့ဆောင်ခံရသူ
တွေထဲမှာ ကျန်းမာရေးဆိုးရွားနေသူတွေလည်း
ပါဝင်ကြတာပါ။ ဒီအထဲမှာ ရှမ်းပြည်
နယ် ကျိုင်းတုံအကျဉ်းထောင်ကို ရွှေ့ပြောင်းခံရပြီး မျက်စိဝေဒနာ
ခံစားနေရတဲ့ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ဒီလိုပဲ မျက်စိဝေဒနာ
ဆိုးဆိုးရွားရွား
ခံစားနေရပြီး ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကို ရွှေ့ပြောင်းခံရသူ
ကိုလှမျိုးနောင်
တို့ဟာဆိုရင်လည်း စိုးရိမ်စရာ အခြေအနေတွေ ကြုံရစရာ ရှိနေတယ်လို့ ဦးဝင်းမောင်
က
ပြောပါတယ်။
"ကိုလှမျိုးနောင်တို့ဆိုရင်
မြစ်ကြီးနားမှာ တော်တော်လေးဒုက္ခရောက်တယ် ပြောတယ်။
သူ့အိမ်ကလည်း လမ်းပန်းအဆက်အသွယ်၊
သွားရေးလာရေး အခက်အခဲရှိနေတယ်
ပြောတယ်။ ကိုလှမျိုးနောင်ဆီကို မရောက်သေးဘူးလို့ ကြားတယ်။
ဒီမှာလည်း ဆေးရုံ
မှာနေနေရတဲ့ အနေအထားရှိတယ်ဆိုတော့ ဟိုမှာ ရုတ်တရက် ဆရာဝန်နဲ့ မတွေ့လို့
ရှိရင်
သူ့ကျန်းမာရေးက သိပ်ကောင်းမှာမဟုတ်ဘူး။"
မကြာသေးခင်ကမှ ထောင်ဒဏ်
၆၅ နှစ် အပြစ်ပေးခံခဲ့ရပြီး တနင်္သာရီတိုင်း
ကော့သောင်းအကျဉ်းထောင်ကို ရွှေ့ပြောင်းခံခဲ့ရတဲ့
၈၈ မျိုးဆက်ကျောင်းသား
ကိုပြုံးချိုရဲ့ ဖခင်ဖြစ်သူ ဦးဝင်းမောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
နေတဲ့နေရာမှာ အခုဆိုရင် စုစုပေါင်း ၁၈၉ ယောက် ရှိသွားပြီလို့ ပြည်ပမှာ အခြေစိုက်
ထားတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က
ဆိုပါတယ်။ ဒီအထဲမှာ ၁၀၀ နီးပါးလောက်ဟာဆိုရင်လည်း အခုလို မိသားစုနဲ့ဝေးရာ
အကျဉ်းထောင်တွေကို ရွှေ့ပြောင်းခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။