ရှေ့နှစ်
တရုတ်ပြည်ရဲ့ စီးပွားရေးတိုးတက်မှုဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း
အနိမ့်ဆုံး
ဖြစ်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဟောကိန်းထုတ်လိုက်ပါတယ်။
၂၀၀၇
ခုနှစ် စီးပွားရေးတိုးတက်မှု ခန့်မှန်းခြေကို ကမ္ဘာ့ဘဏ်က ဒီနေ့ ထုတ်ပြန်လိုက်
တဲ့နေရာမှာ
ကမ္ဘာ့ငွေကြေး အကျပ်အတည်းကြောင့် တရုတ်စီးပွားရေး တိုးတက်မှု
၇.၅% အထိ
နိမ့်သွားလိမ့်မယ်လို့ ဆိုထားပြီး ဒီနှစ်တိုးတက်မှုကတော့ ၉.၄% အထိ
ရှိနေပါတယ်။
ဒေါ်လာ
ထရီလီယံပေါင်းများစွာ သုံးစွဲပြီး စီးပွားရေးနိုးထမှု အစီအစဉ်တရပ်ကိုလည်း
တရုတ်ပြည်က ကြေညာထားပြီး ဖြစ်ပါတယ်။
တနင်္လာနေ့မှာ
ဗြိတိန်နိုင်ငံက ငွေကြေးအကျပ်အတည်း တွန်းလှန်ရေး စီးပွားရေးနိုးထ
မှု အစီအစဉ်တရပ်ကို
ထုတ်ပြန်ကြေညာလိုက်ပြီး အမေရိကန်နိုင်ငံကတော့ ယိုယွင်း
နေတဲ့ မိမိတို့ရဲ့
ငွေကြေးစနစ် ပြန်လည်ပြင်ဆင်ရေး ရှေ့ဆက်တိုးပြီး လုပ်ဆောင်သွား
စရာတွေ
အများကြီးရှိနေသေးတယ်လို့ ဆိုထားပါတယ်။
ဗြိတိန်နိုင်ငံမှာ
လူတွေ သုံးစွဲလာနိုင်ရေးအတွက် ဒေါ်လာ ဘီလီယံ ၃၀ အစီအစဉ်တရပ်
ကို ဘဏ္ဍာရေးဝန်ကြီးက
ကြေညာလိုက်ပြီး ရှေ့နှစ်စီးပွားရေး ၁.၂၅% လောက်အထိ
လျော့သွားနိုင်ကြောင်းလည်း
ခန့်မှန်းပြောဆိုသွားပါတယ်။
ငွေချေးမှုအစီအစဉ်တရပ် ဒီနေ့ ထုတ်ပြန်ကြေညာဖွယ်ရှိပြီး အမေရိကန် Wall Street
စတော့ခ်ဈေးကွက်ရဲ့ ဂယက်ကြောင့် ဒီနေ့ အာရှမှာလည်း စတော့ခ်ဈေးများ တက်သွား
ပါတယ်။