ထိုင်းနိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ ပီအေဒီ ပြည်သူ့ဒီမိုကရေစီ
မဟာမိတ်အဖွဲ့ဝင်တွေဟာ ဒုတိယမြောက်နေ့အဖြစ် ထိုင်းဝန်ကြီးချုပ်ရဲ့ ယာယီအစိုးရရုံး
ကို
ဆက်ပြီး သိမ်းထားခဲ့ပါတယ်။ ဒီလိုသိမ်းထားတဲ့ ဒွန်မောင်းလေဆိပ်မှာ အစိုးရကို
ထောက်ခံသူတွေနဲ့
ကန့်ကွက်သူတွေအကြား ဒီနေ့ အပြန်အလှန် သေနတ်နဲ့ ပစ်ခတ်
တိုက်ခိုက်ကြတဲ့အတွက် လူ ၅ ယောက်
ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ထိုင်းနိုင်ငံက
ဆန္ဒပြပွဲတွေအကြောင်း နောက်ဆုံးအခြေအနေ ရွန်
ကော်ဘင် (Ron Corben) ရဲ့
သတင်းပေးပို့ချက်နဲ့အတူ ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
ဒွန်မောင်း နိုင်ငံတကာ လေဆိပ်ဟောင်းမှာ
ယာယီဖွင့်ထားတဲ့ ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း
ဝမ်ဆာဝတ် (Somchai Wongsawat) ရဲ့ ယာယီ
ရုံးကို သိမ်းထားတဲ့ ပီအေဒီ ပြည်သူ့ဒီမိုကရေစီ
မဟာမိတ်အဖွဲ့တွေနဲ့ အစိုးရကို ထောက်ခံသူတွေ
အကြား ဒီနေ့ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။
အပြန်အလှန် သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတာကို
ထိုင်းရဲတပ်ဖွဲ့ အရာရှိတွေက အတည်ပြုပါတယ်။
အစိုးရကို ထောက်ခံတဲ့သူတွေက ဆန္ဒပြတဲ့သူတွေ
စီးလာတဲ့ကားကို ခဲနဲ့ပစ်ပေါက်ခဲ့ရင်း ထိပ်တိုက်
တိုက်ခိုက်ခဲ့ကြတာပါ။ ထိုင်းပြည်သူတွေအကြား
မှာတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုပြီး
တိုးလာမှာကို
စိုးရိမ်နေကြပါတယ်။
ဆန္ဒပြသူတွေရဲ့ အသံတွေပါ။ ဒီလှုပ်ရှားမှုဟာ ပီအေဒီ ပြည်သူ့ဒီမိုကရေစီ မဟာမိတ်
အဖွဲ့က
ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ၀မ်ဆာဝတ် နုတ်ထွက်ပေးဖို့ အဆုံးစွန် ဖိအားပေးတဲ့
လှုပ်ရှားမှုတခုလို့
မြင်ရပါတယ်။
မနေ့ကဆိုရင် ထိုင်းပါလီမန်ကို ဆန္ဒပြသူတွေက ၀ိုင်းပိတ်ထားတဲ့အတွက် ပါလီမန်
အစည်းအဝေးတွေ
ဆက်ပြီး မကျင်းပနိုင်ဘဲ ရပ်ဆိုင်းထားရပါတယ်။ ထိုင်းအစိုးရ
ဝန်ကြီးအဖွဲ့ကတော့ ၀န်ကြီးအဖွဲ့အစည်းအဝေးတွေကို
ဆန္ဒပြသူတွေ မနှောင့်ယှက်နိုင်
အောင် လျှို့ဝှက်နေရာတွေမှာ ကျင်းပမယ်လို့ ပြောနေကြပါတယ်။
ဆန္ဒပြသူတွေဟာ ထိုင်းဝန်ကြီးချုပ်ရဲ့ ယာယီရုံး၊ စစ်ဦးစီးချုပ်ရုံးနဲ့ ထိုင်းဘုရင့်လေတပ်
ရှေ့တွေမှာလည်း
စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူတွေ ပိတ်ဆို့ထားတဲ့အတွက်
ဘန်ကောက် ပါလီမန်အဆောက်အဦး
ဘေးမှာရှိတဲ့ ကျောင်းတွေကိုလည်း ပိတ်ထား
ရပါတယ်။
ဒီလိုဆန္ဒပြပွဲတွေကြားမှာ လက်ရှိ ထိုင်းအစိုးရ ကြာကြာရပ်တည်နိုင်ပါ့မလား။
ထိုင်းနိုင်ငံ အာရှလူ့အခွင့်အရေး
စောင့်ကြည့်လေ့လာရေးအဖွဲ့က သုတေသနမှူးတဦး
ဖြစ်တဲ့ ဆူနိုင်း ဖာဆွတ်ခ်ကတော့ …
"အစိုးရအနေနဲ့ ပီအေဒီ ပြည်သူ့ဒီမိုကရေစီ မဟာမိတ်အဖွဲ့ဝင်တွေရဲ့ ဖိအား
အကြီး
အကျယ်ပေးတာကို ခံနေရပါတယ်။ ဒါပေမယ့်လည်း ပီအေဒီဟာ ပြည်သူကရွေးချယ်
ထားတဲ့ အစိုးရတရပ်ကို
အာဏာသိမ်းဖို့ သူတို့မှာ တရားဝင်လုပ်ပိုင်ခွင့် ဘာမှမရှိပါဘူး။
သူတို့ကို လူထုက မထောက်ခံပါဘူး။
အစိုးရဘက်ကလည်း အချိန်တတ်နိုင်သမျှ ဆွဲနေ
ပါတယ်။ အစိုးရဘက်က နောက်ပိုင်းမှာ အသာစီးရသွားပြီး
သူတို့လုပ်ရပ်တွေ မှန်တယ်
ဆိုတာ ရေရှည်မှာ သက်သေပြခွင့်ရသွားမယ်လို့ ကျနော်မြင်ပါတယ်။"
ဒီလို ဆန္ဒပြပွဲတွေ ဆက်ပြီးရှိနေပေမယ့် ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ကျင်းပဖို့
စီစဉ်ထားတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း အစည်းအဝေးကိုတော့
မဖြစ်မနေ ဆက်ပြီးကျင်းပမယ်လို့
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက
ပြောထားပါတယ်။
အခုအချိန်အထိတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့တာ
မျိုး၊
နှိမ်နင်းတာမျိုးတွေ မရှိပါဘူး။ ပြီးခဲ့တဲ့လက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နှိမ်နင်းခဲ့လို့
လူ ၄၀၀ လောက် ဒဏ်ရာရခဲ့ပြီး ၂ ယောက် သေဆုံးခဲ့တဲ့ အဖြစ်မျိုးတွေ ထပ်မဖြစ်
အောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက
ရှောင်ရှားနေကြပါတယ်။
ဒီအတောအတွင်း ထိုင်းနိုင်ငံကို
ခရစ္စမတ်မှာ ပြန်လာမယ်ဆိုပြီး စောစောက သတင်း
ထွက်နေတဲ့ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ တရားစွဲခံထားရတဲ့
ဝန်ကြီးချုပ်ဟောင်း
တက်ခ်ဆင်ကတော့ အခု ပြန်လာဖြစ်မှာမဟုတ်ဘူးဆိုပြီး သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက
ပြောပါတယ်။ မစ္စတာ တက်ခ်ဆင် ရှင်နာဝတ်ထ်အနေနဲ့ သူ့လုံခြုံရေးကို စိတ်မချတဲ့
အတွက် ပြန်မလာဘို့
ဆုံးဖြတ်လိုက်တာဆိုပြီး သူ့ရဲ့ရှေ့နေက ပြောပါတယ်။
ဒီအချိန် ထိုင်းနိုင်ငံကို
ပြန်မလာဘို့ ဆုံးဖြတ်ထားတယ်ဆိုပေမယ့်လည်း ထိုင်းနိုင်ငံရေး
မှာ ဆက်ပြီး ပါဝင်လှုပ်ရှားသွားမယ်လို့
မစ္စတာတက်ခ်ဆင်က ပြောဆိုထားပါတယ်။
ဒီလို မစ္စတာတက်ခ်ဆင်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တာက
လက်ရှိ ထိုင်းနိုင်ငံရေး
အကျပ်အတည်းကို ပိုပြီးကြီးထွားစေတယ်လို့ ဆူနိုင်း ဖာဆွတ်က
မြင်ပါတယ်။
"တက်ခ်ဆင်အနေနဲ့ နိုင်ငံတကာသတင်းဌာနတွေနဲ့ ဆက်သွယ်မေးမြန်းချက်တွေ၊
တယ်လီဖုန်းကတဆင့်
ပြောဆိုချက်တွေကြောင့် အခြေအနေ ပိုပြီး ရှုပ်ထွေးလာတယ်
လို့ မြင်ပါတယ်။ တက်ခ်ဆင်ကို ပြည်သူ့ဒီမိုကရေစီ
မဟာမိတ်အဖွဲ့ချုပ်က အဓိကရန်သူ
အဖြစ် ရှုမြင်ထားတာပါ။ သူက ထိုင်းနိုင်ငံကိုပြန်လာပြီး
နိုင်ငံရေးလုပ်မယ်လို့ ပြောနေ
လို့လည်း အခြေအနေက ရှုပ်ထွေးလာတာပါ။ အဓိကကတော့ သူ နိုင်ငံရေးကို
မစွန့်
လွှတ်လို့ပါ။"
ထိုင်းနိုင်ငံ အာရှလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က သုတေသနမှူးတဦး
ဖြစ်တဲ့
ဆူနိုင်း ဖာဆွတ်ခ်ရဲ့ အမြင်ပါ။
ကျဆင်းမှုနဲ့ အလုပ်လက်မဲ့တွေ ပိုပြီးများလာနေတယ်လို့ ထိုင်းစီးပွားရေး ဂျာနယ်တွေ
မှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံမှာ ရှေ့နှစ်အတွင်း ပြည်ပပို့ကုန်တွေ ကျဆင်းတဲ့အတွက်
အလုပ်သမား ၁,၁၀၀,၀၀၀ လောက်အထိ အလုပ်လက်မဲ့ဖြစ်နိုင်တယ်ဆိုပြီး ထိုင်း
စက်မှုလုပ်ငန်း အသင်းချုပ်က ပြောဆိုထားပါတယ်။ ဒီလို အလုပ်လက်မဲ့တွေ ဖြစ်ရမယ့်
အထဲမှာ မြန်မာနိုင်ငံလို အိမ်နီးချင်းနိုင်ငံကလာပြီး အလုပ်လုပ်တဲ့ အလုပ်သမားတွေ
အများအပြား ပါနိုင်တဲ့အကြောင်းလည်း ထိုင်းနိုင်ငံရေးလေ့လာသူတွေ ခန့်မှန်းပြောဆို
နေကြပါတယ်။