အာရှတိုက်ထဲက
အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီ
အက်စ် ဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံတခုဖြစ်တဲ့
မြန်မာနိုင်ငံမှာ ဝေဒနာရှင်တွေအတွက် နိုင်ငံ
တကာရဲ့ အကူအညီတွေ အရေးပေါ်လိုအပ်
နေတဲ့အကြောင်းနဲ့
ဒီလိုအကူအညီတွေ အချိန်
မီထပ်မရရင် သူတို့ရဲ့အသက်ကို ကယ်တင်နိုင်
မယ့်အခြေအနေတွေ
မရှိတဲ့အကြောင်း MSF
ခေါ် နယ်ခြားမဲ့ဆရာဝန်များအဖွဲ့က အစီရင်ခံ
စာတစောင် ဒီနေ့ပဲ
ထုတ်ပြန်ပါတယ်။ ဒီအစီ
ရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ
တခုကို
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံ
ခြားသတင်းထောက်များအသင်းမှာ ကျင်းပပါ
တယ်။
အကြောင်းစုံကို ထိုင်းနိုင်ငံရောက်
ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်အောင်လွင်
က
တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ
အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင် ၂၄၀,၀၀၀ လောက်ရှိနေပြီး
အဲဒီထဲက ၇၆,၀၀၀
လောက်ဟာ အေအာတီ (ART) လို့ခေါ်တဲ့ ဝေဒနာရှင်တွေအတွက်
အသက်ကယ်ဆေးတွေဟာ အရေးတကြီးကို
လိုအပ်နေတယ်လို့ MSF ခေါ် နယ်ခြားမဲ့
ဆရာဝန်များအသင်းက ဒီနေ့ထုတ်ပြန်တဲ့
အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက
လူပေါင်း ၂၅,၀၀၀ လောက်က အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်
ရောဂါနဲ့ပဲ မြန်မာပြည်မှာ
သေဆုံးသွားခဲ့ရပါတယ်။ ဒီနှစ် ၂၀၀၈ ခုနှစ်မှာလည်း
အရေးပေါ်ကုသမှုတွေ မရရင်
ဒီလောက်လူအရေအတွက် သေဆုံးရဖွယ်ရှိနေတယ်လို့
ဆိုပါတယ်။
"နောက်နှစ်တွေအတွက်ကတော့
တော်တော့်ကို ကွဲပြားခြားနားပါလိမ့်မယ်။ အခု
အရေးတကြီး ကျနော်တို့လိုနေတာကတော့
ဒီဝေဒနာရှင်တွေအတွက် အေအာတီ
အသက်ကယ်ဆေးတွေ များများနဲ့ မြန်မြန်ရဖို့ပါပဲ။
အဲဒီအတွက် မြန်မာစစ်အစိုးရဘက်
ကရော နိုင်ငံတကာကပါ ၀ိုင်းပြီးတော့ အကူအညီပေးကြဖို့
လိုနေပါတယ်" လို့ မြန်မာ
ပြည်တွင်းမှာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်
ဝေဒနာရှင်တွေကို ကူညီဆောင်ရွက်ပေး
နေတဲ့ MSF အဖွဲ့က ခေါင်းဆောင်တဦးဖြစ်သူ မစ္စတာ
ဆိုဟေး ရစ်ခ်ျ ပြောသွားတာ
ဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာ
အစိုးရမဟုတ်တဲ့ အန်ဂျီအို အဖွဲ့အစည်းတွေကနေ အိပ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ်
ဝေဒနာရှင်တွေကို အကူအညီပေးနေတာတွေလည်း ရှိနေပါတယ်။
သူတို့နဲ့ စစ်အစိုးရကြားမှာ
ဘယ်လိုပြဿနာတွေ၊ ဘယ်လိုအခက်အခဲတွေ ရှိနေပါ
သလဲလို့ မေးကြည့်တော့ …
"သူတို့တွေရဲ့ကြားမှာ
ပြဿနာတွေတော့ မရှိပါဘူး။ ပြဿနာကတော့ အစိုးရဆီမှာ
ရော၊ အစိုးရမဟုတ်တဲ့
အန်န်ဂျီအိုအဖွဲ့အစည်းတွေက ဆရာဝန်တွေဆီမှာပါ အေအာတီ
အသက်ကယ်ဆေးတွေ မရှိတာပါပဲ။
သူတို့ဆီမှာ အဲဒီဆေးတွေ ၀ယ်ယူဖို့လည်း
ငွေကြေးမရှိကြပါဘူး။ မြန်မာပြည်တွင်းက
အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်လုပ်ငန်းမှာ
အဓိကဆောင်ရွက်ပေးနေကြတဲ့ သူတွေဆီမှာ
အဲဒီဆေးတွေ ပြတ်နေတာဟာ တကယ့်
ပြဿနာပါပဲ" လို့ MSF အဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့
မစ္စတာ ဆိုဟေး ရစ်ခ်ျက
ပြောသွားပါတယ်။
MSF
အဖွဲ့က လူပေါင်း ၁၁,၀၀၀ ကျော်ကို မြန်မာပြည်မှာ အေအာတီဆေးတွေကို ဝေငှ
ခဲ့တာရှိတယ်၊
အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အန်န်ဂျီအို အဖွဲ့အစည်းတွေကတော့ အနည်း
အကျဉ်းလောက်ပဲ
ပေးနိုင်ကြတယ်လို့ ဆိုပါတယ်။
မြန်မာစစ်အစိုးရကလည်း
ပြည်သူတွေအတွက် ကျန်းမာရေးအသုံးစရိတ်က သိပ်ပြီး
နည်းနေတယ်၊ နိုင်ငံတကာ
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုတွေကလည်း
သိပ်ပြီးတော့နည်းနေတယ်၊ အဲဒါကြောင့်
မြန်မာပြည်တွင်းက အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီ
အက်စ် လူမမာတွေအတွက် အရေးပေါ်အကူအညီတွေ
အမြန်ဆုံး ၀ိုင်းပြီးမပေးနိုင်ကြ
ဘူးဆိုရင် ဝေဒနာရှင်တွေအတွက် မတွေးဝံ့စရာပါပဲလို့
ဒီနေ့ ဘန်ကောက်မြို့မှာကျင်းပ
တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာပြည်အတွင်း
ဆောင်ရွက်ပေးနေတဲ့ MSF အဖွဲ့က
ခေါင်းဆောင်တွေက ပြောကြပါတယ်။
ပြုလုပ်ခဲ့တာပါ။ အခုဆိုရင် သူတို့ရဲ့ MSF ဆေးခန်းပေါင်း မြန်မာပြည်မှာ ၂၃ ခု ဖွင့်လှစ်
ပြီး ကုသဆောင်ရွက်နေပါတယ်။