သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရသုံးမှန်းခြေ ငွေစာရင်း စည်းကမ်းတကျကွပ်ကဲဖို့ အိုဘားမား ကတိပြု


အမေရိကန်ရွေးကောက်ခံသမ္မတ ဘရက်ခ်
အိုဘားမား (Barack Obama) က သူ့ရဲ့အစိုးရ
အဖွဲ့မှာ တိုင်းပြည်ရဲ့ ပမာဏကြီးမားလှတဲ့ ရသုံး
မှန်းခြေ ငွေစာရင်းကို စီမံကွပ်ကဲမယ့်သူအသစ်ကို
ရွေးချယ်လိုက်ပါပြီ။ အမေရိကန်အစိုးရရဲ့
ဘတ်ဂျက်နဲ့ စီမံခန့်ခွဲမှုရုံးကို ဦးဆောင်ဖို့ မစ္စတာ
အိုဘားမား ရွေးချယ်လိုက်တဲ့သူကတော့ မစ္စတာ
ပီတာ အော်စ်ဇတ်ဂ် (Mr. Peter Orszag) ပဲ
ဖြစ်ပါတယ်။

မစ္စတာအိုဘားမားက သူ့ကို အစိုးရအသုံးစားရိတ်
ကို ပိုကြပ်ကြပ်မတ်မတ်ရှိအောင်နဲ့ အသုံးမဝင်
အကျိုးမရှိတော့တဲ့ စီမံကိန်းတွေမှာ မလိုအပ်ဘဲ ကုန်ကျမှုတွေမရှိအောင် စီမံဖို့
မှာကြားခဲ့ပါတယ်။

မစ္စတာအိုဘားမားက တိုင်းပြည်မှာ စီးပွားရေး ကမောက်ကမဖြစ်နေပြီး နိုင်ငံတော်
ဘဏ္ဍာမှာလည်း အကြီးအကျယ် လိုငွေပြနေတဲ့အချိန်မှာ တိုင်းပြည်ရဲ့ ရသုံးမှန်းခြေ
ငွေစာရင်း စီမံခန့်ခွဲတဲ့နေရာမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့
အသက်သွေးကြောပမာ အရေးကြီးတယ်လို့ အခုလိုဆိုပါတယ်။

"ကျနော် မဲဆွယ်စည်းရုံးတုန်းက ပြောခဲ့သလိုပါပဲ၊ ပြည်ထောင်စုအစိုးရရဲ့ ရသုံးမှန်ခြေ
ငွေစာရင်းကို စာမျက်နှာတမျက်နှာချင်း ကျနော်တို့ လေ့လာသွားမှာဖြစ်ပြီး မလိုအပ်တဲ့
စီမံကိန်းတွေကို ဖယ်ရှားပစ်ပြီး တကယ်ပဲ အဓိပ္ပာယ်ရှိတဲ့ကိစ္စတွေကို အကုန်အကျ
အနည်းဆုံးနဲ့ ပြီးမြောက်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့" ပြောခဲ့ပါတယ်။

အစောပိုင်းတုန်းက သမ္မတဘုရှ် အစိုးရက အိမ်ကြွေးတွေအပေါ် အခြေခံတဲ့ အစုရှယ်ရာ
တွေကို ဒေါ်လာသန်း သောင်းနဲ့ချီသုံးပြီး ဝယ်ယူမယ်လို့ အကြံပြုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG