သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ စီးနင်းတိုက်ခိုက်မှု လူ ၈၀ကျော် သေဆုံး


အိန္ဒိယနိုင်ငံမှာ လက်နက်ကြီးလက်နက်ငယ်တွေ ကိုင်ဆောင်ထားတဲ့ တိုက်ခိုက်သူတွေက မွမ်ဘိုင်းမြို့တလျှောက် အကြီးအကျယ် တိုက်ခိုက်နေတဲ့အတွက် အိန္ဒိယရဲ့ဘဏ္ဍာရေးမြို့တော်ဟာ အန္တရာယ်ကျရောက်နေပါတယ်။
မြို့ရဲ့ တရားဥပဒေထိန်းသိမ်းရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတဦးအပါအဝင် လူ ၈၀ လောက် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ပြည်နယ်အစိုးရက အတည်ပြုပြောပါတယ်။

တခြားလူ ၂၀၀ လည်း ဒဏ်ရာရခဲ့ကြပြီးပြီလို့ အာဏာပိုင်တွေကပြောပါတယ်။ အော်တိုမက်တစ်ရိုင်ဖယ်သေနတ်တွေ၊ လက်ပစ်ဗုံးတွေကိုင်ဆောင်ပြီး သေနတ်သမားတွေက အဆင့်မြင့် ပြင်ဆင်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို နေရာကိုးခုထက်မနည်းမှာ လုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ တိုက်ခိုက်ခံရတဲ့နေရာတွေထဲ မှာ ရထားဘူတာရုံနှစ်ခု၊ တာ့ဂျ် ကိုလာဘာနဲ့ Oberoi ဆိုတဲ့ အဆင့်မြင့် ဇိမ်ခံဟော်တယ်နှစ်ခုအပြင် ဆေးရုံတွေနဲ့ သင်္ဘောကျင်း တခုလည်း ပါဝင ်ပါတယ်။ တာ့ဂျ်ဟော်တယ်ပေါ်ကနေ မီးလုံးတွေ၊ မီးခိုးတွေ ထွက်နေတာကို တွေ့ကြရပါတယ်။ စစ်တပ်တွေ ဟော်တယ်ထဲ ဝင်ရောက် စခန်းချထားကြပါတယ်။ ဟော်တယ်တွေထဲမှာ သေနတ်သမားတွေ ပိတ်မိနေဆဲရှိပြီး ဓားစာခံတွေ ဖမ်းဆီးထား တယ်လို့ ယုံကြည်ရပေမယ့် ဘယ်နှစ်ယောက်ဆိုတာကိုတော့ မသိရသေးဘူးလို့ အာဏာပိုင်တွေကပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG