ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်
ဆန္ဒပြနေကြ
တဲ့သူတွေ သိမ်းထားတဲ့ ဘန်ကောက်မြို့
သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်နဲ့
ဒွန်မောင်းလေဆိပ်ကို
ထိုင်းဝန်ကြီးချုပ်
ဆွန်ချိုင်း ၀မ်ဆာဝတ် (Somchai
Wongsawat) က အရေးပေါ်အုပ်ချုပ်ရေး
ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဘန်ကောက်မြို့တော် အဓိကလေဆိပ်နှစ်ခု
ကို
ဆန္ဒပြသူတွေ သိမ်းဆည်းပြီး လေယာဉ်
ခရီးစဉ်တွေ ရပ်တန့်ခဲ့ရပြီးတဲ့နောက် ထိုင်းဝန်ကြီးအဖွဲ့
အရေးပေါ်အစည်းအဝေး
ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို ထိုင်းနိုင်ငံမြောက်ပိုင်းမြို့ဖြစ်တဲ့
ချင်းမိုင်မြို့မှာ
ကျင်းပခဲ့တာပါ။
ဒီလိုကြေညာချက်အရ ထိုင်းဝန်ကြီးချုပ်အနေနဲ့
လက်ရှိ သုဝဏ္ဏဘူမိ နိုင်ငံတကာ
လေဆိပ်နဲ့ ဒွန်မောင်းလေဆိပ်တွေကို သိမ်းထားတဲ့ ဆန္ဒပြသူတွေကို
ဖယ်ရှားရာမှာ
ထိုင်းစစ်တပ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လေဆိပ်တွေမှာ ဆန္ဒပြခွင့်အပါအ၀င်
လူတွေ စုရုံးလှုပ်ရှားတာမျိုးတွေကိုလည်း ကန့်သတ်ပိတ်ပင်နိုင်မှာ ဖြစ်ပါတယ်။
လေဆိပ်တွေမှာ ဆန္ဒပြသူတွေ သိမ်းထားပြီးတဲ့နောက်
ထောင်နဲ့ချီတဲ့ ကမ္ဘာလှည့်ခရီး
သည်တွေ လေဆိပ်ကနေ အပြင်မထွက်နိုင်ဘဲ သောင်တင်နေပြီး လေယာဉ်ခရီးစဉ်
တွေလည်း
ပိတ်ပင်ခံခဲ့ရပါတယ်။
လေဆိပ်ကို ပိတ်ထားလိုက်တဲ့အကြောင်း ဒီနေ့ ကြေညာပါတယ်။ နိုင်ငံခြားသား ခရီး
သည်တွေကို ပြောင်းရွှေ့ကူညီနိုင်အောင် ထိုင်းစစ်တပ်ပိုင် လေဆိပ်တွေကို အသုံးပြု
သွားမယ်လို့ ပြောပါတယ်။