အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရမယ်လို့ သတင်းတွေကြီးနေတဲ့ နယူးယောက်ခ်အထက်လွှတ်တော်အမတ် Hillary Clinton အနေနဲ့ အမျိုးသမီးတွေ အခွင့်အရေးနိုးကြားမှုရှိလာအောင် ဘယ်လိုကြိုးပမ်းခဲ့ဖူးပါသလဲ။ အခုလို နိုင်ငံခြားရေးဝန်ကြီးသစ်ရာထူးကို သူ လက်ခံခဲ့မယ်ဆိုရင် သူ့ကို အမေရိကန်သမ္မတ ဖြစ်စေချင်ခဲ့တဲ့သူတွေရဲ့ သဘောထားကရော ဘယ်လိုတွေရှိလာလိမ့်မလဲဆိုတာကို ဒေါ်လှလှသန်းက အခုတပတ် အမျိုးသမီးများကဏ္ဍမှာ တင်ဆက်ထားပါတယ်ရှင်။