သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ဆန္ဒပြသူများ ရဲစစ်ဆေးရေး စခန်းတချို့ကို တိုက်ခိုက်


ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်ကြီးရဲ့ အပြင်ဘက်က ဒုတိယမြောက် ရဲအစောင့် စခန်းကို ဒီနေ့ ထပ်မံ တိုက်ခိုက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက သံတုတ်တွေ၊ မီးလောင်စေတဲ့ ဗျောက်အိုးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ အတွက် ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်နားမှာ တပ်စွဲထားတဲ့ နေရာကနေ လုံထိမ်းရဲတပ်ဖွဲ့ဝင် ၁၅၀ လောက် ဆုတ်ခွာပေးခဲ့ရပါတယ်။

ဒီနေ့စောစောပိုင်းကလည်း ဆန္ဒပြသူ ၁,၀၀၀ လောက် ဟာ ရဲလုံခြုံရေး အစောင့် စခန်း တခုကို သွားပြီး ရဲတွေကို နေရာက အင်အားသုံး ဖယ်ခိုင်းခဲ့ပါတယ်။ ထိပ်တိုက် ရင်ဆိုင်မှုတွေဟာ အကြမ်းဖက်မှုတွေ မရှိဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

စစ်တပ်တပ်ဖွဲ့ဝင်တွေ ပံ့ပိုးထားတဲ့ ရဲတပ်ဖွဲ့ဝင် ၂,၀၀၀ လောက် ဟာ တချို့ အမ် ၁၆ မောင်းပြန်သေနတ်တွေ ကိုင်ဆောင်ပြီး လေဆိပ် ပတ်ပတ်လည်မှာ လုံခြုံရေးအထပ်ထပ် ချထားပါတယ်။ သုဝဏ္ဏဘူမိ လေဆိပ်ကို ကြာသပတေးနေ့ ကတည်းက ဆန္ဒပြသူတွေ သိမ်းထားခဲ့တဲ့အတွက် လေကြောင်း ခရီးစဉ်တွေအားလုံး ရပ်ဆိုင်းထားရပြီး ထောင်သောင်းချီတဲ့ ခရီးသည်တွေလည်း လေဆိပ်ထဲမှာ သောင်တင်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG