သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ


အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ဝင်ရောက်စီးနင်းထားတဲ့ အကြမ်းဖက်သမားတွေ ၃ ရက်တာ ဝင်ရောက်စီးနင်းထားတဲ့ ဖြစ်ရပ်ကြီး ပြီးဆုံးသွားပါပြီ။ အခုအစိုးရ လုပ်ဆောင်နေတဲ့ ကိစ္စတွေကတော့ ဒီဖြစ်ရပ်မှာ အသက်မသေကြေ ကျန်ရစ်သူ တွေကို ကူညီဖေးမဖို့၊ တိုက်ခိုက်မှုကြောင့် အပျက်အဆီးတွေ ဘယ်လောက် ရှိသွားလဲ တွက်ချက်ဖို့၊ သေဆုံးသွားသူတွေ အတွက် ဝမ်းနည်းပူဆွေးဖို့ ဒီတိုက်ခိုက်မှုတွေရဲ့ လက်သည်ကို ဖော်ထုတ်ကြဖို့ပဲ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ဘာတွေ လုပ်ဆောင်ကြမလဲ ဆိုတာကို တွက်ချက်ကြဖို့ကို ဝန်ကြီးချုပ် မန်မိုဟန်ဆင်း နဲ့ နိုင်ငံရဲ့ ထိပ်တန်း စစ်ရေး၊ ထောက်လှန်းရေး အကြီးအကဲတွေ စုဝေးခဲ့ကြပါတယ်။ တချို့ အကြမ်းဖက် သမားတွေက မွမ်ဘိုင်းကို မော်တော်ဘုတ် နဲ့ လာခဲ့ကြတာမိုလို့ အိန္ဒိယကမ်း လုံခြုံရေးအတွက် စောင့်ကြည့်မှုတွေ ချက်ချင်းတိုးမြှင့်မယ်လို့ ပြည်တွင်း လုံခြုံရေး အထူးဝန်ကြီးတယောက်က ပြောပါတယ်။

မွမ်ဘိုင်းမြို့တဝှမ်း စစ်သွေးကြွတွေကို အကွက်ချ တပြိုင်နက် လုပ်ဆောင်မှုတွေ စတင်ခဲ့ပြီးတော့ နာရီပေါင်း ၆၀ အကြာ မှာတော့ တက်ဂျ်မဟာ ဟော်တယ် မှာ နောက်ဆုံးပိတ် စစ်ဆင်ရေး လုပ်ဆောင်နိုင်ခဲ့ပြီးနောက် အကြမ်းဖက်သမား တွေရဲ့ စီးနင်းမှု အဆုံးသတ်သွားခဲ့တာပါ။ တိုက်ခိုက်မှုတွေ အတွင်းမှာ နိုင်ငံခြားသား ၂၂ ဦး အပါအဝင် လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ လုံခြုံရေး အဆင့်မြင့် အရာရှိတချို့လည်း ပါဝင်ပါတယ်။ တိုက်ခိုက်သူ စစ်သွေးကြွ ၁၁ ယောက်လည်း သေဆုံးသွားခဲ့ပြီးတော့ ပါကစ္စတန် စစ်သွေးကြွ တယောက်ကိုတော့ ဖမ်းမိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှု တွေက လက်ရှ်ကာ အီဒိုက်ပါ ဆိုတဲ့ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွအုပ်စုရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ တူတယ်လို့ အမေရိကန် ထောက်လှန်းရေး အရာရှိတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG