သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန်ပြန်ဆန္ဒပြလှုပ်ရှားမှုများကြောင့် ဘန်ကောက်မြို့တွင် အခြေအနေ တင်းမာ


ဘန်ကောက်မြို့မှာ အစိုးရကို ထောက်ခံတဲ့သူ ထောင်မပေါင်းများစွာတို့က စည်းရုံး ဆန္ဒပြကြပြီး အစိုးရ ဆန့်ကျင်သူများကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ တချန်တည်းမှာပဲ ဘန်ကောက်မြို့ ဒွန်မောင်းပြည်တွင်းလေဆိပ်ကို သိမ်းပိုက်ထားကြပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ ထွက်ခွာကြဖို့နဲ့ မထွက်ခွာကြရင် ဖမ်းဆီး ဒဏ်ရိုက်ခံရမယ်လို့ ထိုင်းရဲက သတိပေးလိုက်ပါတယ်။ ဒီနေ့ ရဲရဲ့ သတိပေးချက်ထဲမှာ လူ ငါးဦးထက် စုဝေးရင် ထောင်ဒဏ် ၂နှစ်ကျခံရလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။ ဘန်ကောက်မြို့ သုဝဏဘူမိ နိုင်ငံတကာလေဆိပ်နဲ့ လေဆိပ်တို့ကို သိမ်းပိုက်ထားတဲ့ PAD ဒီမိုကရေစီရရှိရေး မဟာမိတ်အဖွဲ့ ခေါင်းဆောင်များနဲ့ ဒီနေ့ စောစောပိုင်းမှာ စေ့စပ်ဆွေးနွေးခဲ့တယ်လို့ ရဲအရာရှိများက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG