သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် မြန်မာ စစ်ဖက်ဆက်ဆံရေးတိုးမြင့်


မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား၊ မြန်မာစစ်တပ်နဲ့ တရုတ်စစ်တပ်တို့ကြားဆက်ဆံရေး တိုးမြင့်လုပ်ဆောင်သွားမယ်လို့ ၂နိုင်ငံ စစ်ဖက် ခေါင်းဆောင်များက စနေနေ့က သဘော တူလိုက်ပါတယ်။ တရုတ်ပြည်သူ့တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ဘန်ဒေးနဲ့ မြန်မာ့တပ်မတော် ကြည်းရေလေ ပူးတွဲ ညှိနှိုင်းကွပ်ကဲမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း စနေနေ့က ဆွေးနွေးကြပြီး နှစ်နိုင်ငံချင်းနဲ့ နှစ်နိုင်ငံ စစ်ဖက်ကြား အပြန်အလှန်လဲလည် လည်ပတ်မှုများ တိုးချဲ့ထားဖို့ သဘောတူလိုက်တာလို့ ဒီနေ့ စင်ဟွာသတင်းဌာန သတင်းဌာနက ဖော်ပြပါတယ်။ နိုင်ငံတကာက ဝေဖန်နေတဲ့အကြား စစ်အစိုးရက ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ ကျင်းပသွားမယ့် အကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေပြည်တော်က ပြည်ထောင်စု ကြံ့ခိုင်ဖွင့်ဖြိုးရေး အစည်းအဝေးပွဲမှာ ပြောကြားပြီး နောက်တနေ့မှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ တရုတ် ဗိုလ်ချုပ်ကြီးတို့ အခုလို ဆွေးနွေးကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG