သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေး အမေရိကန် ကူညီဖို့ ကတိပြု


အိန္ဒိယ နိုင်ငံ မွမ်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှု တရားခံအကြမ်းဖက်သမားတွေကို ရှာဖွေရာမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူ ပူပေါင်းဆောင်ရွက်သွားမယ်လို့ သမ္မတ ဘုရှ်က အိန္ဒိယ ဝန်ကြီးချုပ် မန်း မိုဟန် ဆင်း ကို ပြောဆိုလိုက်ပါတယ်။ သမ္မတ ဘုရှ်က လောလောဆယ် စုံစမ်း စစ်ဆေးရေးအတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကနေ လိုအပ်တဲ့ နည်းပညာတွေနဲ့ ဝန်ထမ်းတွေကို အားဖြည့် ကူညီမယ်လို့ အိန္ဒိယ ခေါင်းဆောင်တွေကို မနေ့က အကြောင်းကြားလိုက်တဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂေါ်ဒင် ဂျွန်ဒရိုးက ပြောဆိုလိုက်တာပါ။

ဒါဟာ ဗုဒ္ဓဟူးနေ့က အတိုက်ခိုက်ခံရတဲ့ အချိန်က စလို့ သမ္မတဘုရှ်၊ ဝန်ကြီးချုပ် ဆင်းတို့ ဒုတိယ အကြိမ်မြောက် စကားပြောပြစ်ခဲ့ကြတာဖြစ်ပါတယ်။ အရွေးကောက်ခံ သမ္မတ အိုဘားမားကလည်း ဝန်ကြီးချုပ် မန်းမိုဟန်ဆင်း ကို စကားပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ မွမ်ဘိုင်းမြို့ အကြမ်းဖက် တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရာမှာ ကူညီဖို့အတွက် အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်နဲ့ အဖွဲ့က အိန္ဒိယနိုင်ငံကို တနင်္ဂနွေနေ့က ရောက်ရှိခဲ့တယ်လို့ သံတမန် သတင်းရပ်ကွက်က ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG