သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြသူများ လေဆိပ်ကြီးနှစ်ခုကို အင်အားဖြည့်တင်း


ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝပ်
(Somchai Wongsawat) ရုံးဝင်းကို သိမ်းပိုက်
ထားကြတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ
စတင်ရုပ်သိမ်းပြီး အဓိကလေဆိပ်ကြီးနှစ်ခု
ပိတ်ဆို့ရေးကို သွားရောက်အားဖြည့်တင်းကြမယ်
လို့ ဆိုပါတယ်။

ပီအေဒီ ဒီမိုကရေစီရရှိရေး မဟာမိတ်အဖွဲ့
တာဝန်ခံများက သြဂုတ်လကတည်းက သူတို့
သိမ်းပိုက်ထားတဲ့ ဆန္ဒပြသမားများအား
ထပ်တလဲလဲ တိုက်ခိုက်နေကြလို့ အန္တရာယ်ကြီးမားလွန်းလှတယ်လို့ ဒီနေ့ ရှင်းလင်း
ပြောဆိုကြပါတယ်။

မနေ့က လက်ပစ်ဗုံးများနဲ့ အတိုက်ခံရလို့ လူ ၄၉ ယောက်ထက်မနည်း အဲဒီထဲမှာ
ဒဏ်ရာရရှိခဲ့ကြပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ သိမ်းပိုက်ထားတဲ့ ဒွန်မောင်း
လေဆိပ်ထဲမှာလည်း ပေါက်ကွဲမှုများ ရှိခဲ့ပါတယ်။ အစိုးရကိုဆန့်ကျင်တဲ့ တီဗွီရုံးလည်း
အတိုက်ခံရပါတယ်။

အစိုးရကို လိုလားသူများ ထောင်နဲ့ချီကာ ဘန်ကောက်မှာ စုဝေးကြပြီး ၀န်ကြီးချုပ်
ဆွန်ချိုင်း ပြုတ်ကျရေး တောင်းဆိုနေသူများကို ရှုတ်ချလိုက်ပါတယ်။ ကမ္ဘာလှည့်
ခရီးသည် ၁၀၀,၀၀၀ ကျော်လောက် သောင်တင်နေကြလို့ မကျေမနပ် ဖြစ်နေတဲ့
အချိန်မှာ အစိုးရထောက်ခံသူများက အဲဒီလို တန်ပြန်စုဝေး ဆန္ဒပြကြတာပါ။

သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်နဲ့ ဒွန်မောင်းလေဆိပ်တို့ကို သိမ်းပိုက်ထားကြသူများ
က ရပ်ထားရတဲ့ လေယာဉ် ၈၈ စင်းထဲက အစင်း ၃၀ ကို တနင်္ဂနွေနေ့က ပျံသန်းခွင့်ပြု
လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG