မော်လမြိုင်မြို့က
အောက်ဈေးကြီး မီးလောင်နေတာ အခုအချိန်အထိ မီးမငြိမ်းသေးဘူး
လို့ သိရပါတယ်။
မီးသတ်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် အခုထိတော့ ဆက်သွယ်လို့
မရသေးပါဘူး။
မြို့ခံတယောက်ကတော့ မီးလောင်နေတဲ့ အခြေအနေကို အခုလို
ပြောပြပါတယ်။
"မော်လမြိုင် အောက်ဈေးကြီး မီးလောင်တာပါ။"
ဘယ်အချိန်လောက်က စလောင်တာပါလဲ။
"လောင်တာကတော့
၆ နာရီ၊ ၆ နာရီခွဲလောက်ကထင်တယ်။ အခု မီးတော့ မသေ
သေးဘူး။ ဒါပေမယ့် တခြား ဘယ်တွေ၊
ညာတွေတော့ မလောင်တော့ဘူး။"
လူအသေအပျောက်၊ အထိအခိုက်ရော ရှိလား။
"အဲဒါတော့
မကြားသေးဘူး။ ကျမတို့တော့ ဒီမှာ ကြည့်နေတုန်းပဲ။ မီးကတော့ မငြိမ်း
သေးဘူး။
လောင်နေတုန်းပဲ။"
တခြား လူနေအိမ်တွေကို ကူးတာရော ရှိလား။
"မကူးပါဘူး။"
မီးညွန့်က အခုအနေအထား ဘယ်လိုရှိပါသလဲ။
"နည်းနည်း
လောင်စရာများတော့ မီးညွန့်တော့ နည်းနည်းရှိသေးတာပေါ့။ အပေါ်ကြီး
ကိုတော့
မတက်တော့ဘူး။ မီးတော့ နိုင်သွားပါပြီ။"
မီးလောင်တာ ဘယ်လိုစလောင်တယ်လို့ ကြားလဲ။
"မကြားသေးပါဘူး။ ကျမတို့လည်း အခုမှ မီးစွယ်ကျိုးသွားပြီဆိုလို့ လာကြည့်တာ။"
ဆိုင်တွေ၊ ပစ္စည်းတွေရော အကုန်ပါသွားပြီလား။
"တချို့တွေလည်း
လွတ်ကြတယ်။ တချို့တွေဆိုတာက စလောင်တဲ့ဘက်မဟုတ်ဘူး၊
ဒီဘက်အခြမ်းပေါ့။"
ပြောပြခဲ့တာဖြစ်ပါတယ်။