သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရထောက်ခံ ဆန္ဒပြပွဲတွေကြောင့် ဘန်ကောက်မြို့ အခြေအနေ ပိုတင်းမာ


ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝန်ဆာဝတ် ရာထူးက နုတ်ထွက်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုသူတွေကို ကန့်ကွက် ရှုတ်ချတဲ့အနေနဲ့ အစိုးရကို ထောက်ခံသူ ထောင်ပေါင်းများစွာ ဘန်ကောက်မြို့တော်မှာ မနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရကို ထောက်ခံသူတွေက အခုလို လမ်းတွေပေါ် ဆန္ဒပြကြတဲ့အတွက် ကမ္ဘာလှည့် ခရီးသည်အပါအဝင် သိန်းနဲ့ ချီတဲ့ ခရီးသည်တွေ ဘန်ကောက်မြို့မှာ ရက်အတန်ကြာ ပိတ်မိနေတဲ့ အခြေအနေက ပိုဆိုးသွားစေပါတယ်။

သြဂုတ်လဆန်းတုန်းက ရာထူးက လက်ခံရယူခဲ့တဲ့ ဝန်ကြီးချုပ်ကို ထောက်ခံတဲ့အနေနဲ့ အခုလို အစိုးရ လိုလားသူတွေက ဆန္ဒပြ ကြတာပါ။ အစောပိုင်းတုန်းကတော့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ လူအုပ်နားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် အနဲဆုံး လူ ၅၀ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ပေါက်ကွဲမှုအတွက် ဘယ်သူကိုမှ ဖမ်းဆိးမှု မရှိသေးတဲ့အပြင် ဘယ်သူလက်ချက်လဲဆိုတာကိုတောင် မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG