သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်း တိုက်ခိုက်မှုအပြီး အိန္ဒိယ ပြည်ထဲရေးဝန်ကြီး နှုတ်ထွက်


အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ အကြမ်းဖက် တိုက်ခိုက်မှုကို တားဆီးဖို့ အစိုးရအနေနဲ့ လုံလုံလောက်လောက် လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းလုံခြုံရေး အရာရှိ ရာထူးက နုတ်ထွက် သွားပါပြီ။ ပြည်ထဲရေး ဝန်ကြီး ရှီရာပ် ပတေးလ် က နုတ်ထွက်သွားတာပါ။ သူ့နေရာမှာ ဘဏ္ဍာရေး ဝန်ကြီး ပလာနီပန် ချီတန် ဘရမ်းကို အစားထိုး ခန့်အပ်လိုက်ပါတယ်။ အစိုးရအနေနဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေကို တိုးချဲ့ လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း နိုင်ငံရေး ပါတီတွေ အားလုံးကို ခေါ်ယူ ကျင်းပ ခဲ့တဲ့ အစည်းအဝေး ပွဲမှာ ဝန်ကြီးချုပ် မန်းမိုဟန်ဆင်း က ပြောခဲ့ ပါတယ်။ အကြမ်းဖက် တိုက်ခိုက်ရေး အမျိုးသားလုံခြုံရေး တပ်ဖွဲ့ကို အင်အားတိုးမြင့် ဖဲ့ွစည်းသွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါအပြင့် ဗဟိုထောက်လှမ်းရေး အဖွဲ့ ဖွဲ့စည်းဖို့လည်း ပြင်ဆင်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က စတင် တိုက်ခိုက်ခဲ့တဲ့ သုံးရက်ကြာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၇၅ ယောက်သေဆုံးပြီး ၃၀၀ကျော် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ အကြမ်းဖက် သမား ၉ယောက်ကို အိန္ဒိယ ကွန်မန်ဒို တပ်တွေက သုတ်သင်နိုင်ခဲ့ ပြီးတော့ ၁ယောက်ကိုတော့ အရှင် ဖမ်းမိခဲ့ပါတယ်။ အဲဒီလူဟာ ပါကစ္စတန် နိုင်ငံသားလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG