မြန်မာနိုင်ငံမှာ အိပ်ချ်အိုင်ဗွီ၊
အေအိုင်ဒီအက်စ် ဝေဒနာသည်တွေအတွက် ဆေးဝါး
အလုံအလောက် မရှိတာကြောင့် မြန်မာနိုင်ငံတွင်း
အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်
ပြန့်ပွားမှုကို ထိန်းချုပ်လို့မရသေးဘူးလို့ မြန်မာနိုင်ငံမှာ
အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်
တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်နေကြတဲ့ အစိုးရမဟုတ်တဲ့
နိုင်ငံတကာအဖွဲ့အစည်း
တွေက ပြောပါတယ်။ မြန်မာနိုင်ငံတွင်း အေဒ်စ့်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့
ပတ်သက်လို့ ဘာတွေများ လိုအပ်ချက်ရှိနေသလဲဆိုတာ ကိုသားညွန့်ဦးက စုံစမ်း
မေးမြန်းပြီး
တင်ပြပေးထားပါတယ်။
လိုအပ်ချက်ဘာရှိသလဲလို့
မေးရင်တော့
မြန်မာနိုင်ငံထဲမှာ ဒီရောဂါတိုက်ဖျက်ရေး
အတွက် ဆောင်ရွက်နေကြသူတွေ အားလုံး
နီးပါး
ပြောတာကတော့ အိပ်ချ်အိုင်ဗွီ၊ အေအိုင်
ဒီအက်စ် တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက်
ရန်ပုံငွေ
မလုံလောက်တာပါပဲ။ ဒါကြောင့်
လည်း အေအာတီဆေးပြားတွေ အရေးပေါ်
မရရင် လူနာပေါင်း ၂၀,၀၀၀ ကျော်ဟာ
ဒီတနှစ်အတွင်း သေဆုံးနိုင်တယ်လို့ MSF
နယ်စည်းမခြား ဆရာဝန်များအဖွဲ့က သတိ
ပေးခဲ့ပါတယ်။
MSF အဖွဲ့ဟာ မြန်မာနိုင်ငံမှာ အေအာတီဆေးပြား အဓိကဖြန့်ဝေပေး
နေတဲ့အဖွဲ့ပါ။ အခုတော့ အခြားအဖွဲ့တွေကို
ကူညီဖို့မပြောနဲ့၊ သူတို့အဖွဲ့ သူတို့ဆေးခန်း
တွေမှာကို လူနာတွေ ကုသပေးနိုင်တဲ့ အကန့်အသတ်
ကုန်နေပြီလို့ MSF ပြောခွင့်ရ
သူက ဆိုပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့က MSF ရုံး အကြီးအကဲဖြစ်သူ
မစ္စတာ
အလက်ဇန္ဒား ဘေးလတ်တ် (Mr.Alexandre Baillat) ကတော့ အေအာတီဆေးပြားတွေ
အရေးပေါ်ရရှိရေးဟာ
အခုလတ်တလော အရေးတကြီးလိုအပ်ချက် ဖြစ်နေတယ်လို့
ဗွီအိုအေကို ပြောပါတယ်။
"ကျနော်တို့ အခုကုသပေးနေတာ
လူနာပေါင်း ၁၁,၀၀၀ ရှိပါတယ်။ ဒါက ကျနော်တို့
လုပ်ပေးနိုင်တဲ့ အတိုင်းအတာ အကုန်ရောက်နေပါပြီ။
လူနာပေါင်း ၆၅,၀၀၀ ကျော်ဟာ
အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် အသက်ကယ်ဆေးလို့ပြောရမယ့်
အေအာတီဆေးပြား
ရရှိဖို့ အရေးပေါ်လိုအပ်နေပါတယ်။ ဒါဟာ ကျနော်တို့ အတော်လေးကို စိုးရိမ်နေရတဲ့
အချက်ပါ။
ဒီအတွက် မြန်မာနိုင်ငံမှာ အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး
လုပ်ငန်းတွေအတွက်
အလှူငွေတွေ အတော်များများ လိုအပ်နေပါတယ်။"
လက်ရှိအားဖြင့်တော့
မြန်မာနိုင်ငံတွင်း အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးအတွက်
3D Fund ဆိုတဲ့ ရန်ပုံငွေအဖွဲ့ရှိပြီး
အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေက အများဆုံး ကူညီ
ထောက်ပံ့ပေးနေပါတယ်။ ဒါပေမယ့် 3D Fund အဖွဲ့မှာကို
ရန်ပုံငွေအားနည်းနေတာ
ကြောင့် ကမ္ဘာအဝှမ်း အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးအတွက် အများဆုံး
အကူ
အညီပေးနေတဲ့ Global Fund ရန်ပုံငွေရရှိဖို့ မြန်မာနိုင်ငံတွင်း အေအိုင်ဒီအက်စ်
တိုက်ဖျက်ရေးလုပ်ငန်း
လုပ်ဆောင်သူအများစုက လိုလားကြတယ်လို့ အလက်ဇန္ဒား
ဘေးလတ်တ်က ပြောပါတယ်။
"Global Fund ပြန်လာလုပ်ဖို့
ကျနော်တို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့
Global Fund ကို ပြန်ပြီး အဆိုပြုထားတာရှိပါတယ်။
ဒါကို ပြန်လက်ခံမယ်လို့ ကျနော်တို့
မျှော်လင့်နေပါတယ်။ ဒါမှ ကျနော်တို့ MSF ရော အခြားအဖွဲ့တွေကပါ
လုပ်နေတဲ့
လုပ်ငန်းတွေအတွက် အထောက်အပံ့ အလှူငွေတွေ ရရှိမှာပါ။ ဒါကြောင့် ကျနော်တို့
ဒီမှာတော့ Global Fund ပြန်ဝင်မယ့်ကိစ္စကို အတော်လေး မျှော်လင့်ချက်ထားပါတယ်။"
Global Fund အဖွဲ့အနေနဲ့က
မြန်မာနိုင်ငံတွင်းက သူတို့ကူညီရေးလုပ်သားတွေ နိုင်ငံ
တွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်မရတာကြောင့်ဆိုပြီး
၂၀၀၅ ခုနှစ်က သူတို့
လုပ်ငန်းတွေ မြန်မာနိုင်ငံက ပြန်ရုပ်ခဲ့ပါတယ်။ အခုတော့ Global
Fund ရဲ့ အထောက်
အပံ့တွေ ပြန်ရဖို့ မြန်မာအစိုးရ ကျန်းမာရေးတာဝန်ရှိသူတွေရော နိုင်ငံတကာ
အန်န်ဂျီအိုတွေပါ ဝိုင်းညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင်း
အေအိုင်ဒီအက်စ်ရောဂါ ပျံ့နှံ့မှု စိုးရိမ်စရာအခြေအနေ ရှိတယ်ဆိုတာ
ကို မြန်မာအစိုးရက မူလက
ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီအခြေအနေ
ကို အသိအမှတ်ပြု လက်ခံလာပြီး ကျန်းမာရေးဝန်ကြီးဌာန
အေဒ်စ့်ရောဂါတိုက်ဖျက်ရေး အမျိုးသားအစီအစဉ်တရပ်အနေနဲ့ပါ တိုက်ဖျက်ရေးလုပ်ငန်းတွေကို
တက်တက်ကြွကြွ
လုပ်လာပါတယ်။ ဒါပေမယ့်လည်း အစိုးရရဲ့ ဒီအစီအစဉ်မှာကို လုပ်နိုင်တဲ့ အကန့်
အသတ်တွေ
ကြုံနေရတယ်လို့ အလက်ဇန္ဒား ဘေးလတ်တ်က ပြောပါတယ်။
"ကျန်းမာရေးဝန်ကြီးဌာနရဲ့
အေ့ဒ်စ်ရောဂါတိုက်ဖျက်ရေး အမျိုးသားအစီအစဉ်ဌာနနဲ့
ကျနော်တို့ ပုံမှန်လိုလို ပူးတွဲဆောင်ရွက်နေတာ
ရှိပါတယ်။ ဒါပေမယ့်လည်း သူ
ကိုယ်တိုင်မှာကို ရန်ပုံငွေအရရော၊ လုပ်နိုင်ကိုင်နိုင်တာအရပါ
အကန့်အသတ်ရှိပါတယ်။
သူ့အစီအစဉ်ကိုတောင် သူ မတိုးချဲ့နိုင်ပါဘူး။"
မြန်မာနိုင်ငံ ရန်ကုန်မြို့
MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့ရုံးက ပြောခွင့်ရသူ
အလက်ဇန္ဒား ဘေးလတ်တ် ပြောပြသွားတာ
ဖြစ်ပါတယ်။
မှာ အိပ်ချ်အိုင်ဗီ ကူးစက်ခံရတဲ့ လူနာအရေအတွက် လျော့ကျလာတယ်လို့ ဖော်ပြပါ
တယ်။ ဒါကိုတော့ မြန်မာနိုင်ငံက အန်န်ဂျီအိုဝန်ထမ်းတွေကတော့ အတည်ပြုဖို့
ခက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိဝေဒနာသည်တွေကိုပဲ ဆေးအလုံအလောက်
မပေးနိုင်တာ၊ ကုသမှုမပေးနိုင်တာတွေကြောင့် မြန်မာနိုင်ငံမှာ အိပ်ချ်အိုင်ဗွီ၊ အေအိုင်
ဒီအက်စ်ရောဂါ ပံျ့နှံ့မှုကို ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။