မြန်မာနိုင်ငံမှာ ၂၀၀၇
ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ သံဃာ
တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရကို
ခန္တီးထောင်ကို အာဏာပိုင်တွေက ပို့လိုက်ပါတယ်။ နိုင်ငံရေး
လှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေချပြီး
မိသားစုနဲ့ဝေးတဲ့ထောင်တွေဆီ ပို့နေ
တဲ့အပေါ်မှာ စစ်အစိုးရကို နိုင်ငံတကာက ဝေဖန်နေတဲ့ကြားကပဲ
အခုလို အရှင်ဂမ္ဘီရကို
ခန္တီးထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။ တခြား နယ်စွန်နယ်ဖျားထောင်တွေဆီ
ထပ်ပို့
ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိနေပါသေးတယ်။ အကြောင်းစုံကို စုံစမ်း
မေးမြန်းပြီး
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
မကြာသေးခင်ကပဲ ထောင်ဒဏ်ပြစ်ဒဏ်တွေ
ချမှတ်ပြီး နောက်ဆက်တွဲ ဝေးလံခေါင်
ဖျားတဲ့ အကျဉ်းထောင်တွေကို ရွှေ့ပြောင်းတာတွေ လုပ်နေတဲ့အထဲမှာ
အခုနောက်ဆုံး
မှာတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရသူ ထင်ရှားတဲ့ သံဃာတော်တပါးဖြစ်
တဲ့
အရှင်ဂမ္ဘီရနဲ့ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော် အပါအဝင် နိုင်ငံရေးအကျဉ်းသား
အနည်းဆုံး
၆ ဦးလည်း ပါဝင်ခဲ့တာပါ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊
သာသနာတော် ညှိုးနွမ်းစေမှု
အပါအဝင် စွပ်စွဲချက်တွေ အများအပြားနဲ့ ထောင်ဒဏ်
၆၈ နှစ်အထိ ချခံထားရတဲ့ အရှင်ဂမ္ဘီရ၊
အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော် အပါအဝင်
နိုင်ငံရေးအကျဉ်းသားတချို့ အခုလို ထောင်တွေပြောင်းရွှေ့လိုက်တာနဲ့
ပတ်သက်လို့
နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ နီးစပ်သူ မိတ်ဆွေတယောက် ပြောပြတာ
ကတော့
…
"ဒီနေ့ ထောင်ပြောင်းတာ
ဦးဂမ္ဘီရက ခန္တီးကိုပြောင်းတယ်၊ ကိုအောင်ကျော်ကျော်က
တောင်ကြီး၊ ကိုဝဏ္ဏအောင်က ပဲခူး၊
ကိုသီဟသက်တင်က မြစ်ကြီးနား၊ ကိုသိန်းဇော်က
ကျိုင်းတုံ၊ ကိုထွန်းဦးခေါ် ငါးကုလားက တောင်ငူကိုပြောင်းတယ်။
အားလုံး ၆ ယောက်
ပေါ့။ ကိုဝဏ္ဏအောင်က မန္တလေးက၊ ကိုသီဟသက်တင်နဲ့ သိန်းဇော်က ဘိုကလေးက။"
ဒီလို ထောင်တွေ အပြောင်းအရွှေ့တွေ လုပ်တဲ့နေရာမှာ
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ
သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ ဆုတောင်းပွဲတွေ နောက်ဆက်တွဲ
ဖမ်းဆီးခံခဲ့ရသူ
တွေထဲက တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျင့်ရှင်းထန်ရဲ့
သားဖြစ်သူနဲ့ တူဖြစ်သူတို့လည်း ပါဝင်ခဲ့တာပါ။ ပြီးခဲ့တဲ့ စနေနေ့ကမှ အခုလို
နယ်ထောင်တွေကို
ပြောင်းရွှေ့ခံရတယ်ဆိုတာကို မိသားစုက နောက်ပိုင်းမှ သိရတာလို့
ဦးကျင့်ရှင်းထန်က ပြောပါတယ်။
"ကျနော့်သား မောင်ကပ်လန်ခုပ်ကို
မြောင်းမြပြောင်းလိုက်တယ်။ တူဖြစ်သူကတော့
ပုသိမ်မှာ။ ကျနော် သူတို့နှစ်ယောက်တော့ သေချာသိတယ်။
တင်ထူးအောင်ကတော့
ခန္တီးပြောတယ်။ ၂၈ ရက်နေ့ညက ရွှေ့လိုက်တာ။ မြောင်းမြသင်္ဘောနဲ့ဆိုတော့
ရန်ကုန်
က ငါးနာရီလောက် ထွက်လိမ့်မယ်။"
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို
ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့သလို နောက်
ဆက်တွဲ ဒီလို မိသားစုနဲ့ အလှမ်းဝေးရာ နယ်ထောင်တွေကို
ပို့ဆောင်နေလို့ မိသားစု
ဝင်တွေအနေနဲ့လည်း စိတ်သောကရောက်စရာ အခြေအနေတွေနဲ့ ကြုံနေကြရတာပါ။
"တကယ်ခံစားနေရတာက သူတို့သာမကဘူး၊
မိသားစုပါ ထောင်ချနေသလိုပဲ ခံစားရ
တယ်။ ပိုပြီးတော့ ခက်တာဗျာ။ သွားတာလာတာက အစ၊ စားဝတ်နေရေး
တော်တော်
လေး ခက်ခဲနေတဲ့အချိန်။ ပြီးတော့ ကြိုတင်သိတာလည်း မဟုတ်ဘူး။ ပြောင်းပြီဆို
တော့မှ
ဟာ ဆိုပြီး၊ မိုးကအေးတဲ့ရာသီဆိုတော့ အဲဒါတွေစိတ်ပူပြီး ရှာရတာတမျိုး၊
ပြီးတော့ မသွားဘူး၊
မရောက်ဘူးတဲ့နေရာကို ဘယ်လိုသွားရတယ်ဆိုတာ စုံစမ်းတာ
လည်း တဖုံ၊ အဲလိုပဲ အမျိုးမျိုး
အဖုံဖုံ ဒုက္ခဖြစ်နေတာ။ ငွေရေးကြေးရေးဆိုတာလည်း
သိပ်ပြီး အဆင်ပြေလှတာမဟုတ်တော့။ အဲဒါတွေအများကြီး
တအိမ်ထောင်လုံးက
ပူပင်သောက ဖြစ်ကြတာပေါ့။"
မကြာသေးခင်ကပဲ နယ်ထောင်တွေကို
ပြောင်းရွှေ့ခံခဲ့ရတဲ့ သားနဲ့ တူဖြစ်သူအတွက်
ရတက်မအေးဖြစ်နေတဲ့ ရန်ကုန်မြို့က တိုင်းရင်းသား
နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့
ဦးကျင့်ရှင်းထန် ပြောပြသွားတာ ဖြစ်ပါတယ်။
သိခွင့်လည်းမရ၊ ပြောင်းလိုက်တဲ့ထောင်တွေကို ရောက်မရောက်ဆိုတာတွေကလည်း
မသေချာဖြစ်နေတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံနေကြရတယ်လို့လည်း မိသားစုဝင်တွေက
ပြောကြပါတယ်။