အိန္ဒိယနိုင်ငံက
စီးပွားရေးအချက်အချာကျတဲ့ မွမ်ဘိုင်းမြို့မှာ သေနတ်သမားများရဲ့
သုံးရက်ကြာ
စီးနင်းတိုက်ခိုက်မှုဖြစ်ပြီး လူပေါင်း ၁၇၅ ယောက် သေဆုံးခဲ့ရတဲ့အတွက်
မဟာရပ်ရှ်တရာပြည်နယ် ထိပ်တန်းတာဝန်ရှိသူတွေအပေါ်မှာ ပြည်သူတွေရဲ့ မကျေနပ်
မှုတွေက
ပိုပြီးဖြစ်ပေါ်နေပါတယ်။ ထိပ်တန်းတာဝန်ရှိသူတချို့လည်း ရာထူးတာဝန်တွေ
က
နုတ်ထွက်သွားခဲ့ကြပါတယ်။ အခုလို အိန္ဒိယနိုင်ငံမှာ သွေးထွက်သံယို
တိုက်ခိုက်မှု
တွေအပြီး ဖြစ်နေတဲ့ မွမ်ဘိုင်းမြို့က အခြေအနေကို ဒေါ်လှလှသန်းက စုစည်းတင်ပြပေး
ထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က
မွမ်ဘိုင်းမြို့မှာ
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားအပြီး အဲဒီ
ပြည်နယ်ရဲ့ ထိပ်တန်း
အစိုးရအရာရှိနှစ်ဦးကတော့
ရာထူးကနေ ဆင်းပေးကြမယ့် အခြေအနေဆိုက်
နေတာ တွေ့ရပါတယ်။
လုံခြုံရေးအားနည်းချက်
တွေလို့ ယူဆရတဲ့ ပြစ်တင်ဝေဖန်ခံမှုတွေအတွက်
တာဝန်ယူတဲ့အနေနဲ့
ရာထူးကနေ နုတ်ထွက်ပေးဖို့
အဆင်သင့်ရှိတယ်လို့ မဟာရပ်ရှ်တရာပြည်နယ်
ဝန်ကြီး ဗီလစ္စရောင်း
ဒက်ရှ်မွတ်ခ် (Vilisrao
Deshmukh) က ပြောပါတယ်။ မွမ်ဘိုင်းမြို့အနေနဲ့
တိုက်ခိုက်ခံရဖို့ အလားအလာရှိတယ်ဆိုတဲ့
ထောက်လှမ်းရေး သတိပေးချက်တွေကို ပြည်နယ်
က
လက်ခံရရှိခဲ့တာ ဖြစ်တယ်လို့လည်း သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြတာ ဖြစ်ပါ
တယ်။
သတင်းထောက်တွေက
ပြည်နယ်ဝန်ကြီး ရာထူးကဆင်းပေးတဲ့ကိစ္စနဲ့ ပတ်သက်လို့
ပြတ်ပြတ်သားသား ကြေညာချက်
ထုတ်ပြန်ပေးဖို့ ဆူဆူညံညံ ၀ိုင်းတောင်းဆိုကြတဲ့
သတင်းစာရှင်းလင်းပွဲမှာ
ပြည်နယ်ဝန်ကြီးက သူ့အနေနဲ့ ရာထူးကနုတ်ထွက်ပေးဖို့
အဆင်သင့်ရှိတယ်ဆိုတာကို
ထုတ်ဖော်ပြောကြားခဲ့ပြီး တကယ့်ဆုံးဖြတ်ချက်ကတော့
ကွန်ဂရက်စ်ပါတီ ခေါင်းဆောင်တွေရဲ့
လက်ထဲမှာရှိတယ်လို့ အခုလိုပြောခဲ့ပါတယ်။
"ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ
ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို လက်ခံမှာပါ။ ကျနော်
ခင်ဗျားတို့ကို အရှင်းဆုံးနားလည်နိုင်တဲ့
စကားနဲ့ ပြောခဲ့တာပါ။ ဒါ့ထက်ပိုပြီးတော့လည်း
ထပ်ရှင်းပြစရာ လိုမယ်မထင်ပါဘူး။"
ဒါ့အပြင်
အကြမ်းဖက်သမားတွေ တိုက်ခိုက်ခံရတဲ့ နေရာတွေအနက် တခုအပါအ၀င်
ဖြစ်တဲ့
တာ့ခ်ျမဟာဟိုတယ်ကြီးမှာ သေဆုံးသူတွေရဲ့ အလောင်းတွေကို ဖယ်ရှားနေကြ
စဉ်
ပြည်နယ်ဝန်ကြီး ဒက်ရှ်မွတ်ခ်ဟာ ထင်ရှားတဲ့ ဘောလီးဝုဒ် ရုပ်ရှင်ဒါရိုက်တာလည်း
ဖြစ်၊
ရုပ်ရှင်မင်းသားတဦးလည်းဖြစ်တဲ့ သူ့သားနဲ့အတူ အဲဒီပျက်စီးနေတဲ့ဟိုတယ်ကို
လှည့်လည်ကြည့်ရှုခဲ့ကြတဲ့အတွက်လည်း ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရပါတယ်။
ဒက်ရှ်မွတ်ခ်ရဲ့လက်ထောက်ကလည်း
ရာထူးကနေနုတ်ထွက်ပေးဖို့ ပြင်ဆင်နေပါတယ်။
ဒုတိယပြည်နယ်ဝန်ကြီးဖြစ်တဲ့ အာရ်အာရ်
ပတေး (R.R. Patil) က ဒါလောက်တောင်
ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ မွမ်ဘိုင်းမှာ
အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြီးကို
အသေးအဖွဲဖြစ်ရပ်ပါလို့ ပြောခဲ့တဲ့ကိစ္စဖြစ်ပါတယ်။
ဒါကြောင့်လည်း သူ့ကို လူတွေက
ဒေါသထွက်ပြီး ၀ိုင်းပြစ်တင်ခဲ့ကြပါတယ်။
ဗဟိုအစိုးရအဆင့်မှာ
ပထမဆုံး နိုင်ငံရေးပစ်မှတ် ဖြစ်ခဲ့သူကတော့ လူတွေ သိပ်မကြိုက်
ကြတဲ့
ပြည်ထဲရေးဝန်ကြီးပါပဲ။ သူကတော့ တနင်္ဂနွေနေ့က ရာထူးက နုတ်ထွက်သွားခဲ့
ပါပြီ။ ၀န်ကြီး
ရှစ်ဗ်ရပ်ခ်ျ ပတေးလ် (Shivraj Patil) ရာထူးကနုတ်ထွက်ပေးဖို့ တောင်းဆို
မှုတွေကတော့
ပြီးခဲ့တဲ့သီတင်းပတ် မွမ်ဘိုင်းတိုက်ခိုက်မှုတွေ မတိုင်ခင်ကတည်းက
ထွက်ပေါ်နေတာပါ။
ဒီနှစ်အတွင်း
အိန္ဒိယမြို့ကြီးတွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကို
အစိုးရက
ထိထိရောက်ရောက် တုံ့ပြန်အရေးယူခဲ့ခြင်း မရှိတဲ့အတွက် ပြစ်တင်ဝေဖန်
ခြင်း
ခံခဲ့ရတာပါ။
ပတေးလ်ရဲ့နေရာမှာ
ခန့်အပ်ခြင်းခံခဲ့ရတဲ့၊ လူတွေလေးစားကြတဲ့ ဘဏ္ဍာရေးဝန်ကြီး
ပါလန်နီယာပန် ချီဒမ်ဘာရမ်
(Palaniappan Chidambaram) ကတော့ သူ့အနေနဲ့
ပြည်တွင်းလုံခြုံရေးကို တာဝန်ယူရတဲ့
ပြည်ထဲရေးဝန်ကြီးရာထူးကို ပြောင်းရတာ
ဝန်လေးတယ်လို့ ခုလို သတင်းထောက်တွေကို
ဝန်ခံခဲ့ပါတယ်။
"ကျနော့်အနေနဲ့
ပြည်ထဲရေးဝန်ကြီး ရာထူးနေရာ လွှဲပြောင်းရယူရတာ ၀န်လေးတယ်
လို့ မပြောလို့ရှိရင်
ကျနော် အမှန်ကို ထုတ်မပြောရာ ရောက်ပါလိမ့်မယ်။ အခုကြုံတွေ့
နေရတဲ့ အခြေအနေမျိုးမှာ
အဓိက အဆုံးအဖြတ်ပေးရမှာကတော့ ပါတီခေါင်းဆောင်
ပါ။ ဒီနေရာမှာ ကွန်ဂရက်စ်ပါတီဥက္ကဋ္ဌနဲ့
ဝန်ကြီးချုပ်တို့ ဖြစ်ကြပါတယ်။"
ဝန်ကြီးချုပ်
မန်မိုဟန် ဆင်းဂ် (Manmohan Singh) က သူလုပ်ကိုင်ခဲ့တဲ့ ဘဏ္ဍာရေး
ဝန်ကြီးဌာနကို
ပြန်ပူးတွဲကိုင်မှာ ဖြစ်ပါတယ်။
ကွန်ဂရက်စ်ပါတီဦးစီးတဲ့
အာဏာရ ညွန့်ပေါင်းအစိုးရအနေနဲ့ အိန္ဒိယတခွင်
အကြမ်းဖက်တိုက်ခိုက်မှုတွေကို
ဟန့်တားပေးနိုင်ခြင်း မရှိတဲ့အတွက် လူထုက ဒေါသ
ထွက်နေကြလို့ အပြောင်းအလဲတွေတော့
ပြုလုပ်ပေးဖို့ လိုမှာဖြစ်ပါတယ်။
နိုင်ငံကို ဆက်ပြီးမအုပ်ချုပ်သင့်တော့ဘူးလို့ ပြောခဲ့ပါတယ်။