ထိုင်းနိုင်ငံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေနဲ့ လေဆိပ်တွေ ပိတ်ထားခံရတဲ့အတွက်
ဘန်ကောက်မြို့မှာ သောင်တင်နေတဲ့ ထောင်သောင်းချီတဲ့ ခရီးသည်တွေထဲမှာ မြန်မာ
နိုင်ငံကနေ
မက်ကာကို ဟာဂျီဘုရားဖူးသွားမယ့် အစ္စလမ်ဘာသာဝင် ဟာဂျီလောင်း
၅၀၀ ကျော်လည်း ပါဝင်ပါတယ်။
သူတို့ကို ပတ္တရားကမ်းခြေအနီး စစ်တပ်လေဆိပ်တခု
မှာ ထိုင်းစစ်တပ်က ကူညီစောင့်ရှောက်ထားပါတယ်။
ဆော်ဒီအားရေးဗီးယားနိုင်ငံက ဘုရားဖူးတွေကို ဝင်ခွင့်ပြုတဲ့ နောက်ဆုံးရက် သတ်မှတ်
ထားတာကို
ရက်ထပ်တိုးပေးပေမယ့် ထိုင်းနိုင်ငံရေးအခြေအနေ မတည်ငြိမ်သေးတာ
ကြောင့် ဒီနှစ် မက်ကာကို
အချိန်မီရောက်ဖို့ အခွင့်အလမ်းဟာ မသေချာဘဲ ဖြစ်နေပါ
တယ်။ လေဆိပ်ကို ရောက်နေတဲ့ အစ္စလမ်ဘာသာဝင်တွေထဲက
တယောက်ဖြစ်တဲ့
ဦးကျော်စွာကို ဦးသိန်းထိုက်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးကျော်စွာက
အခုလို
စပြောပါတယ်။
"အခု စစ်တပ်လေဆိပ် ဥတာပေါင်လေဆိပ်ကို ယာယီသုံးဖို့ လုပ်ထားပါတယ်။ အဲဒီမှာ
အဝင်အထွက်လုပ်နေတယ်။"
ထိုင်းစစ်တပ်လေဆိပ်မှာ ဘုရားဖူးသွားမယ့်လူ မြန်မာနိုင်ငံက အစ္စလမ်ဘာသာဝင်
ဘယ်လောက်ရှိပါသလဲ။
"အခုလက်ရှိမှာ ၅၅၀ ရှိပါတယ်။"
၅၅၀ လုံးက လေဆိပ်မှာပဲ သောင်တင်နေတာလား။
"ဟုတ်ကဲ့၊ အခုလက်ရှိ ယာယီလေဆိပ်ပေါ့။ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ထားကတည်းက
အဲဒီကနေပဲ
အဝင်အထွက် လုပ်နေကြတယ်။ ကျန်တဲ့ နိုင်ငံခြားသားတွေရော၊
ကိုယ့်နိုင်ငံကိုယ် ပြန်မယ့်သူတွေရော
အဲဒီလေဆိပ်ကိုပဲ သုံးနေရပါတယ်။"
လေဆိပ်မှာ လူ ၅၀၀ ကျော်လုံး ဘယ်လိုနေကြပါလဲ။
"ပထမတုန်းကတော့ Arrival ခန်းမထဲမှာပဲ။ အဲဒီမှာ Transit ခန်းမလည်း မရှိတော့
Arrival ခန်းမထဲမှာပဲ အောက်က သမံတလင်းမှာ ကိုယ့်အဝတ်လေး ကိုယ်ခင်းပြီးတော့
နေနေကြပါတယ်။
ဒါပေမယ့် အခု နှစ်ရက်ရှိပြီ၊ အဲဒီနားမှာ ဝိုင်းလုပ်ပေးနေတဲ့ ရေတပ်
ကလူတွေက လာပြီးတော့
အထဲမှာရှိတဲ့လူတွေအားလုံးကို အဲဒီနားမှာရှိတဲ့ မိုးလုံလေလုံ
အားကစားရုံးမှာ ပြောင်းပြီးချထားပေးပါတယ်။
အဲဒီမှာတော့ နေရတာ နည်းနည်း
ပိုအဆင်ပြေတာပေါ့။"
အဲဒီလေဆိပ်က ဘန်ကောက်မြို့နားမှာပဲလား။
"ဘန်ကောက်မြို့မဟုတ်ပါဘူး။ ပတ္တရားနဲ့ ပိုနီးပါတယ်။ ဘန်ကောက်ကနေဆို မိုင် ၁၀၀
လောက်ဝေးပါတယ်။"
ဘုရားဖူး ၅၀၀ ကျော်လောက်က စားရေးသောက်ရေး ဘယ်လိုရှိပါသလဲ။
"စားရေးသောက်ရေးကို ယာယီလေဆိပ် အမှုထမ်းတွေရယ်၊ ထိုင်းစစ်တပ်ပေ့ါ၊ ရေတပ်
ရော
လေတပ်ရော အဲဒီနားမှာရှိနေတော့၊ သူတို့တွေက ဝိုင်းပြီး စီစဉ်ပေးပါတယ်။
ကျနော်တို့အားလုံးကိုလည်း
မွတ်ဆလင်အစားအစာတွေ လာပြီးတော့ ဝေပေးပါတယ်။
သောက်ရေသန့်ဘူးတွေလည်း လာလာဝေပေးပါတယ်။"
ဝတ်ပြုတာတွေ ဘာတွေရော။
"ဝတ်ပြုတာတော့ ကိုယ့်နေရာမှာပဲ ကိုယ့်အဝတ်လေးတွေ ခင်းပြီးတော့ ဝတ်ပြုနေကြ
ပါတယ်။"
မြန်မာနိုင်ငံမှာလည်း အစ္စလမ်ဘာသာဝင်တွေ အခုလို ထိုင်းနိုင်ငံရေး အခြေအနေ
ကြောင့်
အပြင်ကို မထွက်နိုင်တာမျိုးတွေ ကြားပါတယ်။ ဘယ်လောက်လောက်များ
ရှိပါသလဲ။
"ရှိပါတယ်၊ ၁,၀၀၀ ကျော်ကျော်လောက် ရှိပါဦးမယ်။"
ဘုရားဖူးသွားဖို့အတွက်ပေါ့နော်။
"ဟုတ်ပါတယ်ခင်ဗျ။"
ဘုရားဖူးသွားတဲ့လူတွေက ဆော်ဒီအာရေးဗီးယားက ဂျီဒါ ဟာ့ချ်လေဆိပ်နော်၊ သူတို့
အထူးစီစဉ်ထားတဲ့ ဟာ့ချ်လေဆိပ်ကို နောက်ဆုံး ဘယ်ရက်မှာ ဝင်ရမှာလဲခင်ဗျ။
"ပုံမှန်ကတော့ အခု ၂ ရက်နေ့ ည ၁၂ နာရီမှာ ဟာ့ချ် Terminal က ပိတ်မှာပါ။ ဒါပေ
မယ့်
အခု ဒီဘက်မှာ လေကြောင်းလိုင်းပြဿနာတွေ တက်နေတဲ့အပေါ်မှာ သူတို့က
ထိုင်းဘက်ကို ၅ ရက်နေ့အထိ
တိုးပေးမယ်ဆိုတဲ့ဟာ Approve ဖြစ်သွားပါပြီ။ ဒါပေမယ့်
မြန်မာပြည်သားတွေ အဲဒီထဲမှာ ပါတယ်ဆိုတဲ့ဟာရဲ့
အထောက်အထားကို အခုထက်ထိ
ကျနော်တို့ မရသေးလို့ အဲဒါကို စောင့်နေပါတယ်။"
အထောက်အထားက ဘယ်သူ့ဆီက ယူရမှာလဲခင်ဗျ။
"အထောက်အထားက အဲဒီက ဟာ့ချ်ဝန်ကြီးဌာနကနေ ပို့ဆောင်ရေးဝန်ကြီးဌာနက
ဒီက လေကြောင်းလိုင်းတွေအားလုံးကို
သူတို့ ပို့ပေးရမှာပါ။ ၅ ရက်နေ့ည ၁၂ နာရီအထိ
သူတို့ တိုးပေးလိုက်ပါတယ်။"
၅ ရက်နေ့အထိ ထိုင်းနိုင်ငံရေးအခြေအနေက၊ ဒီနေ့ဆိုရင် ၂ ရက်ရှိနေပြီဆိုတော့
၅ ရက်နေ့မှာရော အခြေအနေကောင်းပါ့မလား။ ထိုင်းနိုင်ငံရေးအခြေအနေ မပြေ
လည်လို့ မမီရင်ရော ဘယ်လိုများလုပ်မလဲ။
"အဲဒါကတော့ အားလုံးရဲ့ နဖူးစာပေါ့ဗျာ။ ဘာပြောလို့ရမလဲ။ ဒါပေမယ့် အခု မြန်မာ
သံရုံးက
လာကြည့်ပြီးတော့ အီရန်ပိုင်တဲ့ လေကြောင်းလိုင်းနဲ့ သူတု့ိ စကားပြောပေးနေ
ပါတယ်။ စကားပြောပြီးတော့
သူတို့ Charter Flight တခုလုပ်ပြီးတော့ အဲဒီလူတွေ
ဆက်သွားဖို့ အစီအစဉ်တခု ဖြစ်လာပါတယ်။"
အဲတော့ ၅ ရက်နေ့ ၁၂ နာရီအတွင်း မီမယ်ဆိုရင်တော့ မြန်မာပြည်ကထွက်လာတဲ့
လူတွေလည်း
ဘုရားဖူးခွင့်ရမယ်ဆိုတဲ့သဘောပေါ့။
"ဟုတ်ကဲ့၊ အဲလိုဆိုရင်တော့ ရနိုင်ပါတယ်ခင်ဗျ။"
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လေဆိပ်မှာ သောင်တင်နေကြတဲ့ မြန်မာ အစ္စလမ်ဘာသာဝင်တွေထဲက တယောက်ဖြစ်တဲ့ ကိုကျော်စွာ ရှင်းပြသွားတာ ဖြစ်ပါတယ်။