ဒီဇင်ဘာ ၁၊ ၂၀၀၈ - ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံ
ပဲအရောင်းအဝယ်
ဈေးကွက်မှာ မတည်မငြိမ်ဖြစ်တာတွေကို ကြားခဲ့ရပါ တယ်။ ပဲဈေးကျသွားတဲ့
အတွက် ကြိုပြီး အရောင်းအဝယ်လုပ်ထားကြတဲ့ ကုန်သည်တွေ အထိနာကြတဲ့
သတင်းတွေလည်း ထွက်လာပါတယ်။
နိုင်ငံခြားတင်ပို့တဲ့ဈေးနှုန်းကျတဲ့အတွက်
ပဲစိုက်တောင်သူတွေရော၊ ကုန်သည်တွေရော ထိခိုက်မှုရှိမယ်လို့
သုံးသပ်ကြတာ
တွေလည်းရှိပါတယ်။
ကိုယ့်နိုင်ငံမှာ စိုက်ပျိုးတဲ့ပဲမျိုးစုံကို နိုင်ငံခြားတင်ပို့တဲ့နေရာမှာ
တနိုင်ငံထဲကို အဓိက
မှီခိုအားထားနေရတဲ့အတွက် မြန်မာ့ပဲဈေးကွက် မကြာခဏဆိုသလိုထိခိုက်ပြီး
ဈေးကျလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာစိုက်ပျိုးတဲ့ပဲမျိုးစုံကို ပြည်တွင်းမှာ ၅၀% ကျော်
စားသုံးပြီး
ကျန်တဲ့ပမာဏကို နိုင်ငံခြားတင်ပို့ပါတယ်။ ၂၀၀၂ ခုနှစ်ကစပြီး မြန်မာ
နိုင်ငံဟာ ကနေဒါနိုင်ငံပြီးရင်
ကမ္ဘာပေါ်မှာ ပဲမျိုးစုံ အများဆုံးတင်ပို့တဲ့နိုင်ငံ ဖြစ်လာ
ခဲ့ပါတယ်။