အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ
ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အိန္ဒိယ
နိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုတွေအပေါ်
ပါကစ္စတန်နိုင်ငံအနေနဲ့ အပြည့်အ၀ ပူးပေါင်း
ဆောင်ရွက်ပေးပါလို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး
ကွန်ဒိုလီဇာ ရိုက်စ်
(Condoleezza Rice) က ပြောဆိုလိုက်ပါတယ်။ လန်ဒန်က ဗွီအိုအေသတင်းထောက်
တွမ် ရေးဗားစ် (Tom Rivers) သတင်းပေးပို့ထားတာကို မညိုညိုလွင်က တင်ပြပေး
ထားပါတယ်။
အခု လန်ဒန်မှာ ခဏတာခရီးစဉ်အဖြစ်
ရောက်ရှိနေပြီး ဒီတပတ်ကုန်ခါနီးမှာ အိန္ဒိယ
နိုင်ငံကို အထောက်အပံ့ အကူအညီပေးဖို့ ခရီးစဉ်အဖြစ်
သွားရောက်ဖို့ရှိတဲ့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က မွမ်ဘိုင်းမြို့မှာဖြစ်ခဲ့တဲ့
ရက်ရက်စက်စက်
အကြမ်းဖက် သတ်ဖြတ်ခဲ့မှုကြီးအပေါ် အိန္ဒိယနိုင်ငံအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ
ပြုလုပ်
ရာမှာ ရှင်းရှင်လင်းလင်းနဲ့ ထင်သာမြင်သာဖြစ်စေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ
ပြုလုပ်ဖို့ ပါကစ္စတန်နိုင်ငံကို ပြောဆိုလိုက်တာပါ။
"အခုအချိန်ဟာ ကမ္ဘာသူ
ကမ္ဘာသားတွေအားလုံး
အနေနဲ့ ဒီအကြမ်းဖက်တိုက်ခိုက်မှုအပေါ်
စည်းစည်းလုံးလုံးနဲ့ ပြစ်တင်ရှုတ်ချ
ပြောဆိုတာ
တွေအပြင် ဒီတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တဲ့
သူတွေအားလုံးကို တရားဥပဒေအရ
အရေးယူ
ဆောင်ရွက်နိုင်ဖို့အတွက် ပြတ်ပြတ်သားသား
လုပ်ဆောင်ကြဖို့ လိုပါတယ်။"
စနေနေ့ကတော့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး
က
ဒီအကြမ်းဖက်မှုကို စီစဉ်လုပ်ဆောင်သူတွေနဲ့
ပါကစ္စတန်အစိုးရ အဖွဲ့တွေအကြား ချည်နှောင်
ဆက်နွယ်မှုတွေ
လုံးဝမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်နဲ့ အိန္ဒိယနိုင်ငံက
အာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးဖို့
စီစဉ်ထားပြီး အမေရကန်နိုင်ငံအနေနဲ့ ဘယ်လို
ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးရမလဲဆိုတာကို
ဝန်ကြီးရိုက်စ်က မေးမြန်းမယ်လို့
သိရပါတယ်။
"ကျမတို့ အိန္ဒိယနဲ့အတူ
ဆောင်ရွက်လုပ်ကိုင်ကြမှာပါ။ ပါကစ္စတန်နဲ့လည်း အတူ
ပူးပေါင်းဆောင်ရွက်လိုပါတယ်။ ဒီရာဇဝတ်မှု
ကျူးလွန်သူတွေအားလုံးကို တရားဥပဒေ
နဲ့ ရင်ဆိုင်ကြရဖို့နဲ့ အကြမ်းဖက်မှုတွေအားလုံး အကြွင်းမဲ့
ရပ်တန့်သွားဖို့ လိုပါတယ်။
ဘာကြောင့်လဲဆိုတော့ အကြမ်းဖက်သူတွေဟာ သူတို့ကို စိန်ခေါ်မှုတွေ
မပြုလုပ်သေး
သမျှ တန်ဖိုးရှိတဲ့ ကမ္ဘာကြီးနဲ့ ကမ္ဘာသူ ကမ္ဘာသားတွေကို ဒုက္ခတွေပေးနေဦးမှာပါပဲ။
ဆိုလိုတာကတော့ သူတို့ကို ကျမတို့အနေနဲ့ ကိုယ်တတ်နိုင်သလောက် ပြတ်ပြတ်
သားသား စိန်ခေါ်လုပ်ဆောင်သွားကြဖို့ပါပဲ။"
မွမ်ဘိုင်းမြို့မှာဖြစ်ခဲ့တဲ့
အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ လူပေါင်း ၁၇၀
ထဲမှာ အမေရိကန်နိုင်ငံသား ၆ ဦး
ပါရှိပါတယ်။ အမေရိကန်ပြည်ထောင်စု FBI က
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း စုံစမ်းစစ်ဆေးမှုတွေမှာ
တတ်နိုင်သလောက် ကူညီ
ဆောင်ရွက်နိုင်ဖို့အတွက် အိန္ဒိယနိုင်ငံကို စေလွှတ်ထားပြီးဖြစ်ပါတယ်။
တနင်္လာနေ့က အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး
ဒေးဗစ် မီလီဘန်း (David
Miliband) တို့ ပူးတွဲကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ
နျူကလီးယားပိုင်ဆိုင်တဲ့
အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ
အကြား တင်းမာမှုတွေ ပပျောက်သွားစေဖို့
သူတို့နိုင်ငံအနေနဲ့ ဘာပဲဖြစ်ဖြစ်
လုပ်ဆောင်ပေးသွားမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက
ပြောဆိုခဲ့ပါတယ်။
"အခုဖြစ်နေတာတွေက သေရေးရှင်ရေးတမျှ
အရေးကြီးနေပါတယ်။ အိန္ဒိယအာဏာပိုင်
တွေနဲ့ ပါကစ္စတန် အာဏာပိုင်တွေ သီးသန့်တကဏ္ဍစီ လုပ်ဆောင်နေတာ
ကျနော်တို့
သတိထားမိပါတယ်။ ဒါပေမယ့် ပါကစ္စတန်နဲ့ အိန္ဒိယ အာဏာပိုင်တွေအားလုံး ပူးပေါင်း
ဆောင်ရွက်ဖို့လည်း
နှစ်ဖက်စလုံးမှာ တာဝန်ရှိပါတယ်။"
ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ
သူတို့ကိုယ်သူတို့ ဒီကန် မူဂျာဟစ်ဒင်လို့ အမည်ပေး
ထားတဲ့အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်ဆိုပြီး
ပြောဆိုခဲ့တာပါ။
ဒီအကြောင်းနဲ့ တဆက်ထဲပါပဲ
ဗွီအိုအေသတင်းထောက် အန်ဂျနာ ပါစရီချာ (Anjana
Pasricha) ကလည်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က
သတင်းပေးပို့ထားပါတယ်။ အဲ့ဒီ
သတင်းမှာ ဖော်ပြထားတာကတော့ ဒီအကြမ်းဖက်တိုက်ခိုက်မှုရဲ့
နောက်ကွယ်မှာ ပါဝင်
သူတွေကို ပါကစ္စတန်နိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုတွေ
လုပ်ဆောင်ပါလို့
အိန္ဒိယက တောင်းဆိုလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် တောင်အာရှက
နျူကလီ
ယားပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြား တင်းမာမှုတွေဟာ မြင့်တက်လာ
ခဲ့ပါတယ်။
ပါကစ္စတန်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်စစ်သွေးကြွတွေ ဒီတိုက်ခိုက်မှုကို
လုပ်ဆောင်တာဆိုပြီး
အိန္ဒိယနိုင်ငံဘက်ကလည်း စွပ်စွဲမှုတွေ ရှိလာခဲ့ပါတယ်။
နယူးဒေလီမှာရှိတဲ့
ပါကစ္စတန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရှာဟစ် မာလစ်
(Shahid Malik) ကို ပြီးခဲ့တဲ့တပတ်
မွမ်ဘိုင်းမှာဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ ပါကစ္စတန်
က အစိတ်အပိုင်းတွေ ပါဝင်မှုရှိနေတယ်ဆိုပြီး
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက
ပြောဆိုခဲ့ပါတယ်။ ဒီအတွက်ကြောင့် ပြင်းပြင်းထန်ထန်
အရေးယူဆောင်ရွက်သွားဖို့ကို
လည်း အိန္ဒိယက ပါကစ္စတန်သံတမန်ကို ပြောဆိုလိုက်ပါတယ်။
ဒီလို သေချာကို လေ့ကျင့်ဆောင်ရွက်ခဲ့တဲ့
တိုက်ခိုက်မှုဟာ ပါကစ္စတန်မှာ အခြေချတဲ့
လက်နက်ကိုင် အကြမ်းဖက်သမားတွေဖြစ်တဲ့ လက်ရှ်ကာ
အီး တိုင်ဘာ (Lashkar-e-
Taiba) အုပ်စုရဲ့ လက်ချက်ဖြစ်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောဆိုပါတယ်။
ပါကစ္စတန်နိုင်ငံဘက်ကတော့
ဒီတိုက်ခိုက်မှုမှာ ပါကစ္စတန်အစိုးရအဖွဲ့တွေအနေနဲ့ လုံးဝ
ပါဝင်ပတ်သက်မှုမရှိတဲ့အကြောင်း
ငြင်းဆိုလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်း
လုပ်ဆောင်ဖို့ကိုလည်း ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန
အတွင်းဝန် အနန်း ရှားမား (Anand Sharma)
ကတော့ ဒီတိုက်ခိုက်မှုက နှစ်နိုင်ငံဆက်ဆံရေး
အခြေအနေတွေ ပုံမှန်ဖြစ်စေဖို့
ဆောင်ရွက်နေတာတွေကို ဆုတ်ဆိုင်းစေတယ်လို့ ပြောဆိုလိုက်ပါတယ်။
"ကျနော်ပြောနိုင်တာကတော့
သိက္ခာတရားကို ထိပါးနှောင့်ယှက်လိုက်တာပါပဲ။ ပါကစ္စ
တန်တွေရဲ့ အချိတ်အဆက်တွေဆိုတာ အလွန်ရှင်းပါတယ်။
ပါကစ္စတန်ရဲ့ အစိတ်အပိုင်း
တွေဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ အုပ်စုတွေပါပဲ။"
ဒီစွပ်စွဲပြောဆိုမှုတွေဟာ
နှစ်နိုင်ငံဆက်ဆံရေးအတွက် ပိုမိုဆိုးဝါးလာစေမယ့်
လောင်စာဖြစ်လာမှာကို စိုးရိမ်စရာဖြစ်ပြီး
နယ်စပ်ဒေသတလျှောက် တင်းမာမှုတွေ
လည်း ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။
ပါကစ္စတန်နိုင်ငံဘက်က
အိန္ဒိယနိုင်ငံနဲ့ ဆက်လက်ဖြစ်လာနိုင်ခြေရှိတဲ့ တင်းမာမှုတွေကို
တွက်ဆမိတာကြောင့် အာဖဂန်နစ္စတန်နယ်စပ်က
တပ်ဖွဲ့တွေကို အိန္ဒိယနယ်စပ်မှာ
ရွှေ့ပြောင်းချထားနိုင်ခြေ ရှိပါတယ်။
နောက်ပိုင်း စစ်ပွဲကြီးသုံးကြိမ် ဖြစ်ပွားခဲ့ဘူးပါတယ်။