ဒီဇင်ဘာလ ၂ရက်နေ့လည်ပိုင်းက ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးကနေ လက်ရှိ ၆ပါတီ ှညွှန့်ပေါင်း အစိုးရထဲက ၃ပါတီကို
နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ ဖျက်သိမ်းတယ်လို့ ကြေညာလိုက်ပါတယ်။
လက်ရှိ ဝန်ကြီးချုပ် ဆုံချိုင်း ခေါင်းဆောင်တဲ့ ပီပီပ ီပါတီရယ်၊ မချီမ သီပတယား ပါတီရယ်၊ ချပ်ထိုင်း ပါတီ တို့ဟာ နောက်ဆုံး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ
မဲတွေ ဝယ်ယူတဲ့ ပြစ်မှုထင်ရှားလို့ အဲဒီပါတီ သုံးခုက ဗဟို ကော်မတီဝင်ပေါင်း ၁၀၉ ယောက်ကို
နိုင်ငံရေး လုပ်ပိုင်ခွင့်၊ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် ၅နှစ်ပိတ် ပင်တယ်လို့
တရားသူကြီးက စီရင်ချက် ချခဲ့တာပါ။