ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံး
သွားရောက်ပြီး
မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် အမြန်ဆုံး
ပြန်လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ဖို့
ကမ္ဘာ့နိုင်ငံခေါင်းဆောင်ဟောင်း ၁၁၂ ဦး
က မစ္စတာဘန်ကီမွန်းဆီကို စာရေးတောင်းဆိုလိုက်ပါတယ်။
အပြည့်အစုံ ဆက်သွယ်
မေးမြန်းထားသမျှ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
နိုင်ငံပေါင်း ၅၀ ကျော်က အစိုးရခေါင်းဆောင်ဟောင်း ၁၁၂ ဦးရဲ့ ဒီစာအရတော့ အခု
၂၀၀၈ ခုနှစ် မတိုင်ခင်မှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်
လာစေဖို့
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဖိအားပေးထားတာပါ။
ဒီအချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့
ဆွေးနွေးဆုံးဖြတ်ပြီးသားမို့ မဖြစ်
မနေ အကောင်အထည်ဖော်ဖို့ လိုအပ်ချက်ကို ထောက်ပြထားပါတယ်။
ဒီအထဲမှာ ပါဝင်
လက်မှတ်လည်းထိုး၊ ဒီစာဖြစ်ဖို့ ဦးဆောင်လှုပ်ရှားသူတဦးလည်းဖြစ်တဲ့ နော်ဝေးနိုင်ငံ
က
ဝန်ကြီးချုပ်ဟောင်း ချဲလ် မာနဲလ် ဘိုနဗစ် (Kjell Magne Bondevik) က ဗွီအိုအေကို
အခုလို
ရှင်းပြပါတယ်။
"အခု မြန်မာနိုင်ငံတွင်း နောက်ဆုံးဖြစ်ပေါ်နေတဲ့
အခြေအနေတွေအပေါ်မှာ ကျနော်တို့
စိုးရိမ်မိပါ
တယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေး
ကောင်စီဥက္ကဋ္ဌ ကြေညာချက်ကို ၂၀၀၇
ခုနှစ်
အောက်တိုဘာလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို
လွှတ်
ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီလို မြန်မာနိုင်ငံ
က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာ
ရေးကို
ကုလသမဂ္ဂအနေနဲ့ ၂၀၀၈ ခုနှစ်အတွင်း
တိုးတက်ဖြစ်ထွန်းမှုအနေနဲ့ တိုင်းတာသတ်မှတ်
ထားပါတယ်။
"ဒါပေမယ့်လို့ ၂၀၀၇ ဇွန်လက မြန်မာနိုင်ငံမှာ
နိုင်ငံရေးအကျဉ်းသား ၁,၂၀၀ လောက်ပဲ
ရှိရာကနေ အခုဆိုရင် ၂,၁၀၀ ကျော်အထိ
ရှိလာပါတယ်။ ဒါ လက်မခံနိုင်စရာပါ။ ဒါကြောင့် မစ္စတာဘန်ကီမွန်းအနေနဲ့
မြန်မာ
နိုင်ငံကိုသွားပြီး စစ်အစိုးရအနေနဲ့ ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေး
ရမယ်ဆိုတာကို
ရှင်းရှင်းလင်းလင်း အသိပေးရပါမယ်။"
မြန်မာနိုင်ငံက အမျိုးသားပြန်လည်သင့်မြတ်ရေးရော၊ ဒီမိုကရေစီဖြစ်ထွန်းရေးရော
နိုင်ငံရေးပြဿနာတွေကို
ဖြေရှင်းဖို့ဆိုရင် ကနဦးအဆင့်အဖြစ် နိုင်ငံရေးအကျဉ်းသား
တွေ လွတ်မြောက်ရေးကို နိုင်ငံတကာအနေနဲ့
ကြိုတင်စည်းမျဉ်းသတ်မှတ်ချက်
သဘောထားရမယ်လို့လည်း မစ္စတာဘိုနဗစ်က ပြောပါတယ်။
"နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ဆိုတာ ပထမဆုံးအဆင့် ဖြစ်ရပါလိမ့်မယ်။ ဒါပြီးမှ
စစ်အစိုးရရယ်၊
အန်န်အယ်လ်ဒီရယ်၊ တိုင်းရင်းသားတွေရယ် တွေ့ဆုံဆွေးနွေးနိုင်မှာပါ။
ဒါကြောင့် မြန်မာနိုင်ငံက
ဒီနိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ဆိုတာ နိုင်ငံတကာအနေနဲ့
ကြိုတင်စည်းမျဉ်းကို သတ်မှတ်ထားရပါမယ်။"
ဒါပေမယ့် မြန်မာစစ်အစိုးရကတော့ တဖက်မှာ သူတို့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း
လာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ကိုပဲ ပိုင်းဖြတ်ထားပုံရပါတယ်။ မစ္စတာ
ဘိုနဗစ်ကတော့
ဒီအတိုင်း အခြေအနေအရဆိုရင် လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်
ပွဲတွေ ဖြစ်လာမှာမဟုတ်ဘူးလို့
သူ့အမြင်ကို ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံရေးခေါင်းဆောင်တွေ အထိန်းသိမ်းခံနေရ
သရွေ့တော့
လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီမတိုင်ခင်
မှာ နိုင်ငံရေးပါတီတွေ၊
နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးအတွက် လမ်းဖွင့်ပေးထား
ရပါမယ်။ ဒါ့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာမှာလည်း
ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ လိုပါ
တယ်။"
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ချဉ်းကပ်ဆောင်ရွက်မှုမှာ အနောက်နိုင်ငံတွေနဲ့
အာရှ
ဘက်က အာဆီယံ၊ တရုတ်တို့အကြားမှာ ကွဲလွဲမှု အဓိကအချက်ကတော့ ပြစ်ဒဏ်ခတ်
ဖိအားပေး အရေးယူနည်းနဲ့
အပြုသဘော သံတမန်နည်းအရ ချဉ်းကပ်တာတွေပါ။
နှစ်ဖက်စလုံးကလည်း ဒါကို စိုက်လိုက်မတ်တတ်
ကျင့်သုံးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ
နိုင်ငံအတွက် အဖြေကောင်းကောင်းတော့ ထွက်မလာသေးပါဘူး။
ဒါဟာ နိုင်ငံတကာ
ကနေ မြန်မာ့အရေးကို ကိုင်တွယ်မှုမှာ စိတ်ပါလက်ပါ ပိုင်းဖြတ်ချက်မရှိလို့
ဖြစ်တယ်လို့
မစ္စတာဘိုနာဗစ်က အပြစ်တင်ပါတယ်။
"ပြဿနာကတော့ ကမ္ဘာ့အသိုင်းအဝိုင်းတခုလုံးရဲ့ တကယ်တမ်း စိတ်ဆန္ဒရှိမှုပါပဲ။
ကျနော်
အရင်တုန်းက မစ္စတာဘန်ကီမွန်းကို တိုက်တွန်းခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံနဲ့
ပတ်သက်လို့
အဓိကကျတဲ့နိုင်ငံတွေက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အစည်းအဝေး
တရပ် ခေါ်ယူကျင်းပဖို့ ကိစ္စပါ။
အမေရိကန်၊ အီးယူ၊ အာဆီယံ၊ တရုတ် စတဲ့နိုင်ငံတွေ
အနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့
ပိုပြီး ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ပါ။"
မစ္စတာဘန်ကီမွန်းအနေနဲ့ အခုနှစ်ဆန်းပိုင်းမှာပဲ နာဂစ်မုန်တိုင်းကိစ္စနဲ့ မြန်မာနိုင်ငံကို
သွားခဲ့ဖူးတာကြောင့် မြန်မာအစိုးရ ဗိုလ်ချုပ်တွေနဲ့ မစ္စတာဘန်ဟာ အဆက်အစပ်ရှိနေ
ဆဲလို့
ယူဆတာကြောင့် မစ္စတာဘန် မြန်မာနိုင်ငံကိုသွားရင် စစ်အစိုးရကို တစုံတရာ
နားချနိုင်မယ်လို့
မစ္စတာဘိုနာဗစ်က ယူဆပါတယ်။ မစ္စတာဘန်ကီမွန်းကလည်း အခု
နှစ်မကုန်ခင် သူ မြန်မာနိုင်ငံကိုသွားမယ်လို့
ပြောခဲ့တာပါ။
ဒါပေမယ့်လို့ ပြီးခဲ့တဲ့ ကုလသမဂ္ဂ အစည်းအဝေးတခုမှာပဲ ခိုင်မာတဲ့တိုးတက်မှု တစုံ
တရာမတွေ့ရဘဲ
မြန်မာနိုင်ငံကို မသွားသင့်ဘူးလို့ ယူဆပြောဆိုတဲ့ အာရှနိုင်ငံတွေ
လည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျင့်ရှင်း
ထန်ကတော့ မစ္စတာဘန်ကီမွန်း
လာနိုင်သည်ဖြစ်စေ၊ မလာနိုင်သည်ဖြစ်စေ အခုလို
ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာ့အရေး တိုက်တွန်းဆောင်ရွက်တဲ့အပေါ်မှာ
စိတ်အား
ရမိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
"ဒီဥစ္စာ အလိုအပ်ဆုံးပါ။ ဘန်ကီမွန်း လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ ကမ္ဘာက
အဲဒီလိုလုပ်တာ
ကျနော်တို့ ဝမ်းသာလို့ပါ။ အဲဒီလိုဆန္ဒပြုတာ ကျနော်တို့အတွက်
အများကြီး ကြိုဆိုစရာဖြစ်တယ်၊
ဝမ်းသာစရာဖြစ်တယ်၊ အားရစရာဖြစ်တယ်။"
အခု ကမ္ဘာ့ခေါင်းဆောင် ၁၁၂ ဦး မစ္စတာဘန်ကို ပေးပို့တဲ့စာထဲမှာတော့ မစ္စတာဘန်
မြန်မာနိုင်ငံကို
သွားနိုင်သည်ဖြစ်စေ၊ မသွားနိုင်သည်ဖြစ်စေ မြန်မာအစိုးရအနေနဲ့ အခု
နှစ်မကုန်ခင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ပေးရမယ်ဆိုတာကို ရှင်းရှင်း
လင်းလင်း စစ်အစိုးရသိအောင် လုပ်ဖို့ကိုလည်း တိုက်တွန်းပါတယ်။
အကယ်၍ ဒါကို
စစ်အစိုးရက ငြင်းဆန်နေဦးမယ်ဆိုရင်တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ
ဒီနိုင်ငံရေးအကျဉ်းသားတွေ
လွတ်လာဖို့ နောက်ထပ် အရေးယူကိုင်တွယ်မှုတွေ လုပ်ဖို့
ကိုလည်း တိုက်တွန်းပါတယ်။ သူတို့အနေနဲ့လည်း
ကုလသမဂ္ဂနဲ့အတူ တသားတည်း
ရပ်တည်သွားမယ်လို့ ကတိပြုထားပါတယ်။
ဒဗလျူ ဘုရ်ှ၊ ဂျင်မီကာတာ၊ အာရှကဆိုရင်တော့ ကိုရာဇန် အာကွီနို၊ ကင်ဒေးဂျုံ၊
ရာမို့စ်ဟိုတာ၊ ကိုအီဇူးမီး၊ အခြားထင်ရှားသူတွေဖြစ်တဲ့ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း
တိုနီဘလဲ၊ ဂျွန်မေဂျာ၊ မာဂရက်သက်ချာ၊ နောက် ချက်နိုင်ငံက ဗားဆလပ်ဟားဗဲလ်၊
အိုင်ယာလန်က မယ်ရီရောဘန်ဆန် စုစုပေါင်း ၁၁၂ ဦး ပါဝင်လက်မှတ်ထိုးခဲ့ကြပါတယ်။