ပြီးခဲ့တဲ့သီတင်းပတ်က အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမှာဖြစ်ခဲ့တဲ့
ပေါက်ကွဲ
မှုတွေနဲ့ပတ်သက်ပြီး ပါကစ္စတန်ဘက်က ချက်ချင်း အရေးတယူ ဖြေရှင်းဆောင်ရွက်
နိုင်ရန်အတွက်
ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ
ရိုက်စ်
(Condeleezza Rice) က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ နယူးဒေလီမြို့မှာ ရောက်နေပါတယ်။ ဖောက်ခွဲ
တိုက်ခိုက်မှုတွေကြောင့်
အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ပေါ်ပေါက်လာတဲ့ တင်းမာမှု
တွေ လျော့သွားဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေကို
အိန္ဒိယခေါင်းဆောင်တွေနဲ့ ကျင်းပ
နေပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်အကြား တင်းမာမှုတွေ လျော့ပါးစေရေး ရည်ရွယ်ပြီး အမေရိကန်
ပူးတွဲစစ်ဦးစီးချုပ်
အရာရှိချုပ်တွေရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန်
(Mike Mullen) လည်း အစ္စလမ်မာဘတ်မြို့တော်ကို ဒီနေ့ သွားရောက်မှာဖြစ်ပါတယ်။
ပါကစ္စတန်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံပြီး တင်းမာမှုတွေကို စေ့စပ်ဆွေးနွေးမှာ ဖြစ်ပါ
တယ်။
လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့အပတ် မွမ်ဘိုင်းမှာဖြစ်ပွားခဲ့တဲ့
ပေါက်ကွဲမှု
တွေနဲ့ ပတ်သက်ပြီး ပါကစ္စတန်အခြေစိုက် အယ်လ်အယ်လ်တီဘာ အကြမ်းဖက်အဖွဲ့မှာ
တာဝန်ရှိတယ်လို့
အိန္ဒိယဘက်က စွပ်စွဲထားပါတယ်။
လို့ ငြင်းဆိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုကိုလည်း ပြစ်တင်ရှုတ်ချပါတယ်။