သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူများ သိမ်းပိုက်ထားတဲ့ ဘန်ကောက်လေဆိပ်တွေ ပြန်ဖွင့်ပြီ


ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ဖူးခက်
အပန်းဖြေကျွန်းက ခရီးသည်တွေတင်လာ
တဲ့ ထိုင်းအဲဝေး ဂျက်လေယာဉ်တစင်း ဒီနေ့
ဆင်းသက်ခဲ့ပါတယ်။ ဒီလေယာဉ်ဟာ
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ
လေဆိပ်ကို သိမ်းထားခဲ့ပြီးနောက်ပိုင်း
ပထမဆုံးရောက်လာတဲ့ ခရီးသည်တင်
လေယာဉ် ဖြစ်ပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြခဲ့တဲ့ ပီအေဒီ
ခေါင်းဆောင်တွေက လေဆိပ်သုံးပစ္စည်းတွေကို လေဆိပ်အရာရှိတွေဆီ တရားဝင်
ပြန်လည်အပ်နှံခဲ့ပါတယ်။ ဆန္ဒပြ ပီအေဒီအဖွဲ့ဝင်တွေကိုလည်း လေဆိပ်ကနေ ထွက်ခွာ
သွားဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီလိုအမိန့်ပေးပြီး နာရီပိုင်းအကြာမှာ ဖူးခက်အပန်းဖြေ
ကျွန်းက ခရီးသည်လေယာဉ် စတင်ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို လေဆိပ်ကို ဆန္ဒပြသူတွေ သိမ်းခဲ့တဲ့အတွက် လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းခဲ့ရ
ပြီး ခရီးသည် ၂၅၀,၀၀၀ လောက် ထိုင်းနိုင်ငံမှာ သောင်တင်ခဲ့ပါတယ်။ လေဆိပ်ကို
စီးနင်းခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း အကြီး
အကျယ် ထိခိုက်ခဲ့ပါတယ်။

ပုံမှန် လေယာဉ်ခရီးစဉ်တွေကို ၂၄ နာရီကနေ ၄၈ နာရီအတွင်း ပြန်စနိုင်မယ်လို့
မျှော်လင့်တဲ့အကြောင်း လေဆိပ်အရာရှိတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG