နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို
ဒီရက်ပိုင်းတွေမှာ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်
ပြီး မိသားစုနဲ့ဝေးရာ နယ်ထောင်တွေကို ဆက်လက်ပို့ဆောင်နေရာမှာ
ဒီကနေ့ဆိုရင်
လည်း နာမည်ကျော် ဟစ်ပ်ဟော့ပ်ဂီတသမား ဇေယျာသော် အပါအဝင် လူငယ်တချို့ကို
ပြောင်းတာရွှေ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို နယ်ထောင်တွေကို ရွှေ့တာ
ပြောင်းတာတွေ လုပ်နေပေမယ့်လည်း
မိသားစုကို အကြောင်းကြားတာမျိုးလည်းမရှိ၊
တိတိကျကျ စုံစမ်းလို့လည်းမရတဲ့ အခြေအနေတွေနဲ့လည်း
ကြုံနေရလို့ မိသားစုတွေ
ပူပင်သောကရောက်စရာ၊ ခံပြင်းစရာတွေ ဖြစ်နေရပါတယ်။ အကြောင်းစုံကို
စုံစမ်း
မေးမြန်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
နာမည်ကျော် အက်ဆစ်တေးဂီတအဖွဲ့က
ဟစ်ပ်ဟော့ပ်အဆိုတော် ဇေယျာသော် အပါ
အဝင် အနည်းဆုံး လူငယ် ၄ ယောက်ကို မိသားစုနဲ့ အလှမ်းဝေးရာ
နယ်ထောင်တွေကို
ဒီကနေ့ပဲ ပြောင်းရွှေ့ပို့ဆောင်လိုက်တာပါ။ တက်ကြွလှုပ်ရှားသူ လူငယ်အဖွဲ့တခုဖြစ်တဲ့
မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့ဝင်တွေအဖြစ် ပြီးခဲ့တဲ့
လကုန်ပိုင်းကပဲ
ဇေယျာသော်၊ သီဟဝင်းတင်၊ အာကာဘို၊ အောင်ဇေဖြိုး၊ ရန်နိုင်သူ၊
ဝေလွင်မျိုးတို့ ၆ ဦးကို
အသင်းအဖွဲ့ပုဒ်မ ၆ နဲ့ ထောင်ဒဏ် ၅ နှစ်၊ ဒီအထဲက
ဇေယျာသော်ကိုတော့ ဖမ်းဆီးချိန်မှာ နိုင်ငံခြားငွေ
လက်ဝယ်တွေ့ရှိမှုနဲ့ နောက်ထပ်
တနှစ်တိုး ချမှတ်ခဲ့တာပါ။
ဒီအထဲကမှ အခုအခါ ဇေယျာသော်ကို
တနင်္သာရီတိုင်း ကော့သောင်းထောင်၊ သီဟ
ဝင်းတင်ကို မန္တလေးတိုင်း ညောင်ဦးထောင်၊ အာကာဘိုကို
ရခိုင်ပြည်နယ် ကျောက်ဖြူ
ထောင်၊ အောင်ဇေဖြိုးကို ပဲခူးတိုင်း တောင်ငူထောင်တွေကို အသီးသီး
ပြောင်းရွှေ့လိုက်
တာပါ။ အခုနောက်ဆုံး ထောင်တွေပြောင်းရွှေ့လိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်
အင်းစိန်ထောင်ကို ဒီကနေ့ သွားရောက်သတင်းစုံစမ်းခဲ့တဲ့ ဇေယျာသော်ရဲ့ အဒေါ်ဖြစ်သူ
ဒေါ်ခင်သန်းဋ္ဌေး
ပြောပြတာကတော့ …
"အန်တီ ဒီနေ့ နေ့လယ်မှ
သွားစုံစမ်းလိုက်တော့ သူတို့ ပြောင်းသွားပြီလို့ပြောတယ်။
သူ့ကိုတော့ ကော့သောင်းလို့ပြောတယ်။
ဖြိုးဇေယျာသော်ကိုလေ။ အောင်ဇေဖြိုးက
တောင်ငူ၊ အာကာဘိုက ကျောက်ဖြူ၊ သီဟဝင်းတင်က ညောင်ဦး၊
သူ့ကို အမိန့်ချပြီး
နောက်တရက်မှာ တွေ့ရတယ်။ သွားတွေ့တော့လည်း သူတို့သွားရမယ်ဆိုတာ
သူတို့
သိတယ်။
"ဘာဖြစ်လို့လဲဆိုတော့
ရှေ့က သူတို့ရဲ့အကြီးတွေကိုလည်း ပို့ထားတယ်ဆိုတော့ သူတို့
က တနေ့မဟုတ်တနေ့ ပို့မှာပဲပေါ့။
အဲတော့ အန်တီတို့ကို ကျန်းကျန်းမာမာနေဖို့၊ သူ့ကို
လွယ်တဲ့ထောင်ဆိုရင်လည်း လာတွေ့၊
လွယ်တဲ့ထောင် မဟုတ်ရင်လည်း အခြေအနေ
ကြည့်ပြီးမှ လာခဲ့ပေါ့။ သူလည်း ဆက်သွယ်လို့ရရင် ဆက်သွယ်မယ်ပေါ့၊
အဲလိုမှာသွား
တယ် အန်တီ့ကို။ သူတို့လက်ခုပ်ထဲကရေဆိုတော့ သူတို့လုပ်ချင်သလို လုပ်တော့မှာ
ပေါ့။
အန်တီတို့ကို ဒဏ်ခတ်တဲ့သဘောပေါ့။
"သူတို့ကိုလည်း အငြိုးနဲ့
ချနေသလိုပဲ အန်တီကတော့ ထင်တယ်။ ဒီလောက်ဝေးဝေး
လံလံကြီးတွေကို၊ သူတို့က ငယ်လည်း ငယ်သေးတယ်လေ၊
၂၀ ကျော်လေးတွေပဲ
ရှိသေးတာ။ ကော့သောင်းဆိုတော့ အန်တီ အခု စုံစမ်းလိုက်တော့ အဲဒီထောင်က
ဖုန်းမရှိဘူးတဲ့။ ကိုယ်မရောက်ဘူးတဲ့မြို့ပေါ့၊ သွားတွေ့ရင်လည်း။ ပြီးတော့ လေယာဉ်ပျံ
ခရီးတို့
ကားလမ်းတို့ကလည်း ကြမ်းတယ်ပေါ့။ လေယာဉ်ပျံဆိုရင်လည်း စရိတ်ကကြီး
တယ်။ သင်္ဘောခရီးဆိုရင်လည်း
လေးရက်လောက်နေမှ ရောက်တဲ့မြို့ဆိုတော့၊
စိတ်ညစ်တယ် အန်တီလည်း။"
ဒီလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို
ပြစ်ဒဏ်တွေစီရင်ပြီး နောက်ဆက်တွဲဆိုသလို
ဝေးလံတဲ့ အကျဉ်းထောင်တွေကို ရွှေ့ပြောင်းပစ်နေတာဟာ
ကျန်နေတဲ့ မိသားစုကိုပါ
ပြစ်ဒဏ်ခတ်တဲ့ အဓိပ္ပာယ်ဖြစ်နေတယ်လို့ ဆိုနေတဲ့အထဲမှာ အခုနောက်ဆုံး
မန္တလေး
တိုင်း ညောင်ဦးထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ သီဟဝင်းတင်ရဲ့ မိခင်ဖြစ်သူလည်း
တဦးအပါအဝင် ဖြစ်ပါတယ်။
"သီဟဝင်းတင်က ညောင်ဦးတဲ့။
ကိုယ်လည်း အတိအကျတော့ မသိဘူး။ ဒါပေမယ့်
အသိတယောက်က ပြောတာပါ။ အရမ်းဝမ်းနည်းတာပေါ့။
အန်တီတို့သားတွေက
အသက် ၂၀ ကျော်ပဲရှိသေးတာ။ မိဘရဲ့အုပ်ထိန်းမှုအောက်မှာ၊ မိဘတွေကို သူတို့
အကြောင်းကြားသင့်တာပေါ့။ မိဘတွေကို အကြောင်းမကြားဘဲ သူတို့လက်ခုပ်ထဲက
ရေဆိုပြီး သွန်လိုသွန်၊
မှောက်လိုမှောက် လုပ်နေတဲ့သဘော ဖြစ်နေတာပေါ့။ အရမ်း
လည်းခံပြင်းတယ်၊ အရမ်းလည်း ဝမ်းနည်းတယ်။
"အန်တီ့သားတွေက အမှန်လုပ်တာပဲလေ။
ဗုဒ္ဓဘာသာဝင် လူမျိုးတယောက်အနေနဲ့
ရွှေဝါရောင်တော်လှန်ရေးမှာ ဒီလို ရဟန်းသံဃာတွေ မေတ္တာသုတ်ရွတ်တာ
ဘေးကနေ
ဆေးပေးမီးယူ၊ ရဟန်းသံဃာတွေဘက်ကနေ လိုက်ပြီးတော့ ဒီရွှေဝါရောင်တော်လှန်
ရေးကနေစပြီး
ဖြစ်သွားတာ။ ဒီလိုဖြစ်သွားတာ အန်တီ စိတ်တော့မကောင်းဘူးပေါ့။
ဒါပေမယ့် အများအတွက် ဖြစ်သွားတာပဲ၊
ကိုယ့်သားက မကောင်းတာလုပ်တာမှမဟုတ်
တာ။ အန်တီတို့ကတော့ အမှန်လုပ်တဲ့ အန်တီ့သားတွေအတွက်
အန်တီတို့ကတော့
အပြစ်မမြင်ဘူး။ သူတို့ကတော့ အပြစ်မြင်နေတယ်။ အပြစ်မြင်ပြီးတော့ သက်သက်မဲ့
လုပ်တာပေါ့။"
ဒီလို ထောင်တွေပြောင်းရွှေ့နေပေမယ့်လည်း
မိသားစုကို အသိပေး အကြောင်းကြား
တာမျိုးလည်းမရှိ၊ စုံစမ်းတော့လည်း တိတိကျကျ အဖြေမရနိုင်တာမို့
မိသားစုဝင်တွေ
အနေနဲ့ သောကရောက်စရာ၊ မခံမရပ်နိုင်စရာတွေလည်း ဖြစ်နေရတာပါ။
"မနက်ဖြန်တွေ့ရတော့မှာဆိုပြီး
ကလေးတွေမှန်သမျှ၊ မိဘမှန်သမျှ အကုန်တွေ့ကြမှာ။
ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ဒီလိုရွှေ့နေတဲ့အတွက်ကြောင့်
မနက်ဖြန် အကုန်
တွေ့ကြမှာ။ အဲဒါ မနက်ဖြန်မရောက်ခင် ဒီနေ့ကို ပို့လိုက်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်
အန်တီတို့မိဘတွေအနေနဲ့ အရမ်းခံစားရတာပေါ့။ အန်တီတို့ အခုဆို ဘာလုပ်လို့လုပ်ရ
မှန်းမသိဘူး။
"ဒီ့ပြင်မိဘတွေတော့
မသိဘူး။ အန်တီက အနားမှာ အမျိုးသားလည်း မရှိဘူး။ အန်တီ
တယောက်တည်း၊ သားလေးက ၇ တန်းကလေးလေး။
အဲဒီကလေးလေးနဲ့ အန်တီနဲ့
နှစ်ယောက်တည်းပဲ။ ကလေးကိုပါ အပြစ်ပေးရုံမဟုတ်ဘူး၊ မိသားစုကိုပါ
အပြစ်ပေး
သလိုဖြစ်နေတယ်။ အကုန်လုံး ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ သေချာစုံစမ်းပြီး ဒီညပဲ
ချက်ချင်းလိုက်မယ်။
"အန်တီကတော့ ဟိုသီချင်းကိုတောင်မှ
ပြန်ဆိုရမယ်၊ အတောင်ပံပါရင် သားဆီကို၊
ချက်ချင်းတောင် လိုက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့
ကိုယ့်သားပဲ။ ဘယ်လိုပဲဖြစ်ဖြစ်
သားသမီးချင်း ကိုယ်ချင်းနည်းနည်း မစာကြဘူး။"
မျိုးဆက်သစ်လူငယ်များ
အစည်းအရုံး (Generation Wave) အဖွဲ့ဝင် တက်ကြွလှုပ်ရှား
သူလူငယ်တဦးဖြစ်တဲ့ သီဟဝင်းတင်ကို မိသားစုနဲ့ဝေးရာ
မန္တလေးတိုင်း ညောင်ဦး
ထောင်ကို ပြောင်းရွှေ့လိုက်လို့ မိခင်ဖြစ်သူ သောကရောက်နေရတာတွေကို
ပြောပြ
သွားတာ ဖြစ်ပါတယ်။
နေရာမှာ မနေ့တုန်းကဆိုရင်လည်း ရဟန်းတော်တပါးဖြစ်တဲ့ ဦးစန္ဒာသီရိ ခေါ်
ဦးမြင့်ဟန်နဲ့ တက်ကြွလှုပ်ရှားသူ ကိုဇေယျာလင်းတို့ကို ရခိုင်ပြည်နယ် စစ်တွေထောင်၊
ကိုထွန်းထွန်းနိုင်ကိုတော့ ကချင်ပြည်နယ် ဗန်းမော်ထောင်တွေကို အသီးသီး ရွှေ့ပြောင်း
ခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးခင်ကမှ နယ်ထောင်တွေကို ပြောင်းရွှေ့ခံခဲ့ရတဲ့အထဲက
ရဟန်းတော်တပါးဖြစ်တဲ့ ဦးကန္တဝံသ ခေါ် ဦးပြည်ကျော်နဲ့ တက်ကြွလှုပ်ရှားသူ လူငယ်
တွေဖြစ်ကြတဲ့ စည်သူမောင်၊ ညီညီမင်းတို့ကို စစ်တွေထောင်ကနေ နောက်ထပ် ရခိုင်
ပြည်နယ်ထဲမှာပဲရှိတဲ့ ဘူးသီးတောင်ထောင်ကို ထပ်ပြီး ပြောင်းရွှေ့လိုက်တယ်လို့လည်း
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပြလို့ သိရပါတယ်။