သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သုဝဏ္ဏဘူမိလေဆိပ် ပြန်လည်စတင်


ထိုင်းနိုင်ငံရဲ့  အဓိက နိုင်ငံတကာ လေဆိပ်ကြီးဖြစ်တဲ့ ဘန်ကောက်မြို့ တော်က သုဝဏဘူမိလေဆိပ်ကို ၈ရက်ကြာ သိမ်းပိုက်ထားပြီး အစိုးရကို ဆန့်ကျင်နေကြတဲ့ ပီအေဒီ အဖွဲ့ တွေဟာ ဒီဇင်ဘာလ ၃ရက်နေ့ မနက်ပိုင်းက သူတို့ရဲ့  တိုက်ပွဲကို အောင်မြင်စွာ အဆုံးသတ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

ပီအေဒီအဖွဲ့ရဲ့  အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ဘန်ကောက်မြို့ တော်အတွင်းမှာ စုစုပေါင်း ၆လကျော် ဆန္ဒတွေပြခဲ့ကြပြီး ၀န်ကြီးချုပ် ဆုံချိုင်းလည်း နှုတ်ထွက်၊ အစိုးရအသစ်လည်း ပြန်လည်ဖွဲ့စည်းဖို့ အခြေအနေ တွေဖြစ်ခဲ့ရပါတယ်။ အခုဆိုရင် သုဝဏ္ဏဘူမိလေဆိပ်မှာ လေယာဉ် အဆင်းအတက်တွေ စပြီး ပြန်လုပ်နေပါပြီ။ ပုံမှန်အခြေအနေပြန်ရောက်ဖို့တော့ တပါတ်နှစ်ပါတ်လောက် အချိန်ယူရဦးမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG