ဒီဇင်ဘာ ၀၅၊ ၂၀၀၈ - ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာဖမ်းဆီးထားတဲ့
နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီလို
ထောင်ဒဏ်စီရင်ချက်ချမှတ်တဲ့
တရားသူကြီးတွေထဲမှာ အမျိုးသမီးတရားသူကြီး
တွေ အတော်များများပါနေတာကို တွေ့ရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး
ကောင်စီက
ရှေ့နေဦးမင်းလွင်ဦးနဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့
အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက
စီစဉ်တင်ဆက်ထားပါတယ်။