သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ အေစ့်တိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်မှုရနေ


ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကုလသမဂ္ဂကနေ သတ်မှတ်ထားတဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ဖြစ်ပါတယ်။ အခု ကျင်းပတာဆိုရင် အကြိမ် ၂၀ မြောက်ရှိပါပြီ။ ကမ္ဘာအဝှမ်းမှာတော့ နိုင်ငံခေါင်းဆောင်တွေ အေစ့်တိုက်ဖျက်ရေး တတ်ကြွလှုပ်ရှားသူတွေနဲ့ ကမ္ဘာ့ပြည်သူတွေဟာ အခမ်းအနားတွေ ကျင်းပပြီး ကမ္ဘာအဝှမ်းအေစ့်တိုက်ဖျက်ရေး လုပ်ငန်း အောင်မြင်မှုတွေကို ချီးမွန်းပြောခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ အေစ့်ရောဂါတိုက်ဖျက်ရေးနဲ့ အေစ့်ဝေဒနာရှင်တွေကို အကူအညီပေးရေးတွေကို ပိုပြီး လုပ်ဆောင်ကြမယ်လို့လည်း ဂတိကဝတ်ပြုခဲ့ကြပါတယ်။

အမေရိကန်အစိုးရရဲ့ အခုနှစ်အကုန်ပိုင်းအထိ HIV/AIDS ဝေဒနာသည် နှစ်သန်း ကုသမယ်ဆိုတဲ့ ရည်မှန်းချက်ဟာလည်း ပြည့်မှီခဲ့တယ်လို့ သမ္မတဘွတ်ရ်ှက ပြောပါတယ်။ AIDS ရောဂါ တိုက်ဖျက်ကူညီရေး သမ္မတရဲ့ အရေးပေါ် အစီအစဉ်ဟာလည်း အတော်လေးကို အောင်မြင်မှုတွေရတယ်လို့ အသိအမှတ်ပြုခံရပါတယ်။ နောက်လာမယ့် သမ္မတအဖြစ် အရွေးခံထားရတဲ့ မစ္စတာ ဘရက်ခ် အိုဗားမားကလည်း သမ္မတဘွတ်ရ်ှရဲ့ အေစ့်တိုက်ဖျက်ရေး ကြိုးပမ်းချက်တွေကို ချီးမွန်းပြီး သူ့အနေနဲ့လည်း ဒီလုပ်ငန်းတွေကို ဆက်လုပ်သွားမယ်လို့ ဂတိပြုပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲတော်ဆေးခန်းမှာလုပ်တဲ့ အခမ်းအနားမှာတော့ ဒေါက်တာစင်သီယာမောင်က “ဆင်းရဲမွဲတေမှုနဲ့ ခွဲခြားဆက်ဆံမှုပြဿနာတွေကို ရှင်းနိုင်မှသာ အေစ့်ရောဂါတိုက်ဖျက်ရေး ကျဆင်းလာမယ်” လို့ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG