သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စီးပွားရေး ပြန်ကောင်းဖို့ ဘုရှ်နဲ့ အိုဘားမားတို့ ကြိုးပမ်းနေကြ


အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေး အခြေအနေ မကောင်းတဲ့ ကားကုမ္ပဏီကြီးတွေ လုပ်ငန်းပျက်ဆီးရမယ့် ကိန်းကို ကာကွယ်ဖို့ သဘောတူညီမှုတခုအတွက် ကွန်ဂရက် က ဒီမိုကရက်ခေါင်းဆောင်တွေနဲ့ အပြုသဘောဆောင်တဲ့ သဘောတူညီမှုတွေ ပြုလုပ်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ကားလုပ်ငန်း အကြီးအကဲတွေက သူတို့ လုပ်ငန်းတွေဟာ အစိုးရရဲ့ အကူအညီ မပါဘဲဆိုရင်တော့ ဒီလကုန်ထိတောင် ခံမှာမဟုတ်ဘူးလို့ ဒီရက်ပိုင်းအတွင်းမှာပဲ ပြောသွားခဲ့ပါတယ်။

အခွန်ဆောင် အများပြည်သူလက်ထဲကို ငွေပြန်ရောက်မယ့် အစီအစဉ် မရှိရင်တော့ ပိုက်ဆံ တပြားတချပ်မှာ အကုန်မခံသင့်ဘူးလို့ စနေနေ့က ထွက်လာတဲ့ ကြေညာချက်ထဲမှာ အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး ဒီနာပရီနို က ပြောထားပါတယ်။ ဒီ ကားကုမ္ပဏီကြီးတွေကို ကယ်တင်ဖို့ ဥပဒေကို ရှေ့သီတင်းပတ်အတွင်း မဲခွဲ ဆုံးဖြတ်နိုင်ဖို့ ခန့်မှန်းကြောင်း အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ က ပြောပါတယ်။

၁၉၅၀ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု အဝေးပြေးလမ်းမ စနစ် တည်ဆောက်ဖို့ စီမံကိန်း ပြီးကတည်းက အများဆုံး ရင်းနှီးမြှုပ်နှံမှုသစ် တခုကို လုပ်ဆောင်မယ်လို့ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိမ်ဆိုတော့မယ့် မစ္စတာ ဘားရက် အိုဘားမား က စနေနေ့က ပြောကြားသွားပါတယ်။

စွမ်းအင်သုံးစွဲမှု ပိုနည်းမယ့် အဆောက်အဦတွေ ပိုပြီးတော့ ဆောက်မယ်။ လမ်းမတွေ၊ အခြေခံ အဆောက်အဦ ဆောက်လုပ်မှုတွေအတွက် ပိုပြီးတော့ ငွေကြေးသုံးစွဲမယ်၊ ပြည်သူပိုင် စာသင်ကျောင်းတွေကို အဆင့်မြင့်မားအောင် လုပ်ဖို့တွေအတွက် ငွေကြေး အမြောက်အများ လိုပါတယ် လို့ မစ္စတာ အိုဘားမား က သူ့ရဲ့ အပတ်စဉ် မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG