သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး ဗီယက်နမ်နွယ် အမေရိကန်လွှတ်တော်အမတ် အရွေးချယ်ခံရ


အမေရိကန် လွှတ်တော်ကနေ တောင်ပိုင်း လူဝီစီယားနား ပြည်နယ်မှာ သူတို့ရဲ့ ပထမဆုံးသော ဗီယက်နမ် အမေရိကန် လွှတ်တော်အမတ်တဦးကို ထားရှိပါလိမ့်မယ်။ တောင်ပိုင်း လူဝီစီယားနား ပြည်နယ် မဲဆန္ဒရှင်တွေကနေ တရားစွဲဆို ခံထားရတဲ့ အရင်လွှတ်တော်အမတ် ဝီလီလျှံ ဂျဖာဆင် ကို ဖြုတ်ချခဲ့ပြီးနောက် အမေရိကန် လွှတ်တော်ကနေ ခန့်အပ်ဖို့ ဖြစ်လာတာပါ။

စနေနေ့က မဲရလာဒ်တွေမှာတော့ ရီပတ်ဗလစ်ကန် ရှေ့နေ အန်း ဂျိုးဇက် ဂေါင်း က ဒီမိုကရက် ပါတီဘက်က ဝီလီလျှံ ဂျဖာဆင်နေရာမှာ အစားထိုးမှာ ဖြစ်ပါတယ်။ ဂေါင်း ဟာ ၁၉၇၅ခုနှစ် ဆိုင်ကွန်း အရေးနှိမ့် ခဲ့ပြီးနောက်ပိုင်း အမေရိကန် ပြည်ထောင်စုကို ကလေးဘဝကတည်းက ရောက်ရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ဥပဒေ၊ ရူပဗေဒ၊ ဖလော်ဆော်ဖီ ဘာသာရပ်တွေနဲ့ ဘွဲ့ရခဲ့သူလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG