သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုး စစ်ထရပ်ကားများကို ပါကစ္စတန်စစ်သွေးကြွများ တိုက်ခိုက်ဖျက်ဆီး


အာဖဂန်နစ္စတန် နိုင်ငံမှာ နေတိုးနဲ့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့များအတွက် ရိက္ခာတင်ဆောင် သွားတဲ့ စစ်မော်တော်ယာဉ် အစီး ၁၀၀ ကျော်ကို သူပုန်တို့ တိုက်ခိုက်လို့ လှိုင်ခေါင်းအတွင်း မီးလောင် ပျက်စီးသွားကြောင်း ပါကစ္စတန် ရဲက ဆိုပါတယ်။ ပါကစ္စတန် အနောက်မြောက်ပိုင်း ပက်ရှဖာ မြို့အနီးက လှိုင်းခေါင်းကို ဒီနေ့ အာရုံတက် မတိုင်ခင်မှာ သူပုန်တွေက ရော့ကက် သေနတ် လက်နက်တွေ၊ လက်ပစ် ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပိတ်မိပြီး မီးလောင်သွားတာလို့ ပါကစ္စတန် ရဲက ရှင်းပြပါတယ်။

လက်နက်ကိုင် သူပုန် ၃၀၀လောက်က မော်တော်ယာဉ် အစင်း ၁၀၆စီး အားလုံးကို မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ ဂိတ် မန်နေဂျာတဦးက ဗွီအိုအေ ကို ပြောပြပါတယ်။ အဲဒီလို ဖျက်ဆီးခံခဲ့ရပေမယ့် တာလီဘန် သူပုန်တို့ အပေါ် တိုက်ခိုက်မှုကို မဆိုစလောက်သာ ထိခိုက်စေလိမ့်မယ်လို့ အမေရိကန်ဘက်က ကြေညာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG