သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီးလေးသီးအငြိမ့် အမေရိကန်ရောက်ပြီ


ပြည်တွင်းပြည်ပက ပရိတ်သတ်တွေ အထူး နှစ်ခြိုက်အားပေးတဲ့ သီးလေးသီး အငြိမ့်အဖွဲ့ဟာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းကပဲ အမေရိကန် ပြည်ထောင်စုက လော့အိမ်ဂျယ်လိစ်မြို့ကို ရောက်လာခဲ့ပါပြီ။ သီးလေးသီး အငြိမ့်အဖွဲ့ အမေရိကန် ပြည်ထောင်စုကို လာနိုင်ဖို့အတွက် တနှစ်နီးပါးအကြာ ဦးဆောင်ကြိုးပမ်းခဲ့သူ ဘားမားတူဒေးလို့ခေါ်တဲ့ ယနေ့မြန်မာ သတင်းဌာနက တာဝန်ခံ ဦးမြင့်လှိုင်ကို ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးမြင့်လှိုင်က အခုလို ပြောပါတယ်။

သီးလေးသီးရဲ့ အမေရိကန်ပွဲအတွက် ကျွန်တော်တို့ ဒီမှာ စီစဉ်ရတာဟာ ဒီမှာရှိတဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့ တတ်နိုင်တဲ့ အကူအညီနဲ့ သူတို့အတွက် သီးလေးသီးအဖွဲ့ကို ဖျော်ဖြေစေချင်တယ်။ တစိတ်တပိုင်း ဖြည့်စီးပေးဖို့အတွက် ကျွန်တော်တို့ ကြိုးစားကြတာဖြစ်ပါတယ်။ အခုလို အခက်အခဲတွေ အများကြီးကနေ အောင်မြင်တဲ့အတွက် ကျွန်တော်တို့ ဝမ်းသာမိပါတယ်။

ဒီနေ့ရောက်လာတဲ့ သီးလေးသီးအဖွဲ့သားတွေရဲ့ အမည် စာရင်းလေးတွေလည်း ပြောပြပေးပါဦး။

ကိုစိန်သီး၊ ကိုပန်းသီး သီးလေးသီးအဖွဲ့ပါမယ်။ ကိုဂေါ်ဇီလာပါမယ်။ မင်းသမီး နှစ်လက် မချောစုမျိုးပါတယ်။ အားလုံးပေါင်း ၇ယောက်ပါဝင်ပါတယ်။

လောလောဆယ် ပွဲစဉ် ဘယ်နှပွဲ ကပြ ဖျော်ဖြေဖို့ စီစဉ်ထားပါသလဲ။

လောလောဆယ်မှာ လော့အိမ်ဂျယ်လိစ်၊ ဝါရှင်တန်၊ နယူးယောက်၊ ဖို့ဝင်း၊ လေးမြို့မှာ ကပြဖို့က သေချာပါတယ်။ ဆန်ဖရန်စစ္စကို တို့ တခြားဒေသတွေမှာလည်း ဒီပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာရှိပါတယ်။

သူတို့ရဲ့ ဖျော်ဖြေပွဲတွေက အခကြေးငွေနဲ့ ဖျော်ဖြေမှာလား၊ အခမဲလား။ အခ ကြေးငွေနဲ့ ဆိုရင်ရော ဘယ်လို အစီအစဉ်တွေ ရှိပါသလဲ။

သူတို့ပွဲတွေက အခကြေးငွေနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။ သဘောကတော့ သူတို့ ကုန်ကျစရိတ်တွေ ကာမိအောင်လို့ပါ။ နောက်တခုက ဒီပွဲကနေ ရတဲ့ အကျိုးအမြတ်တွေဟာလည်း ဒေသဆိုင်ရာ သာသနာရေးအဖွဲ့တွေအတွက် ရံပုံငွေ ဖြစ်မယ်။ မြန်မာပြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားတဲ့သူတွေအတွက် ရံပုံငွေအတွက် ရည်ရွယ်တာပါ။ ပုဂ္ဂလိက တဦးတယောက်အတွက်ကို ရည်ရွယ်ပြီး လုပ်တာ မဟုတ်ပါဘူး။

သူတို့ ပွဲတွေအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ တီးဝိုင်းတို့ တီးဝိုင်းအဖွဲ့သားတို့လည်းပဲ ဦးမြင့်လှိုင်တို့မှာ အဆင်သင့် ရှိပြီးသားပေါ့။

သီးလေးသီက သူတို့ကမယ့် စက်ပစ္စည်း အားလုံး သယ်လာပါတယ်။ ဒီမှာကျတော့ အတီးပညာရှင်တွေနဲ့ ပြောဆိုတာတွေရှိပါတယ်။ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် စီစဉ်ထားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG